Sunday, 4 October 2015

လူနှင့်​ ဂုဏ်​သိက္ခာ

လူနှင့် ဂုဏ်သိက္ခာ လူဟူသည်မှာ၊ ဓမ္မတာတည့် “ရီကြိုင်ရာ မြက်နုရာ” ရှာကတ်လည်း။ ဤသည်စကား၊ ငါစဉ်းစားမိ ငါမွီးရေမြီ၊ အဖပြည်ကို ဤနီရာသည်၊ ရီမကြိုင်ဟု သွေဖယ်ကြောခိုင်း သင့်သလား။ ငါမွီးရေပြည်၊ အမိမြီကို ဤနီရာကား၊ မြီသားကြမ်းယှ မြက်လှမနု၊ စိတ်ဝယ်ခုလျက် စိန့်ထွက်ကြောခိုင် သင့်သလား။ “မြင့်မြတ်စိတ်ဓာတ်၊ ငတ်ချင်ငတ်စီ ဝတ်ထားသီလ၊ ခွါမချချေ”။ ဘဝတိုက်ပွဲ၊ ရင်ဆိုင်နွှဲယင်း... ယုံကြည်ချက်မြဲ၊ စွန့်ရွှတ်ရဲယင်း... မျှော်လင်းချက်ဇွဲ၊ အားမာန်ခဲယင်း... ရဲရင့်သတ္တိ၊ သိက္ခာပြည့်ဖြင့် မိမြီ ဖမြီ၊ ဇာတိၿမီကို ရီကြိုင်လည်းစု၊ မြက်လည်းနုအောင် ရီကြည်လည်းရ၊ မြက်လည်းလှအောင် စွမ်းဆောင်ကတ်ဖို့ မလိုလား။ ........... မောင်နှစ်သိမ့် ---------------- မှတ်ချက်။ ။ ရခိုင်မဂ္ဂဇင်း အမှတ် ၃၁၊ ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ထုတ်စာအုပ်မှကူးယူပြီးကေ ရခိုင်ပိုင်ပြန်ရွီးပနာ ဖော်ပြလိုက်ပါရေ။

No comments:

Post a Comment