❆ ခိုင်ရဲဇော်(ငရဲမြေ)❆
Saturday, 17 October 2015
ဆရာတော် ဦးစိန္တာ
ဆရာတော်သည် ၁၂၆၄ ခု၊ ဝါဆိုလဆုတ် ၁၀ ရက်၊ အင်္ဂါနိန့် ညဇာဖက် ၇ နာရီအချိန်၊ စစ်တွေခရိုင်၊ မင်းပြားမြို့နယ်၊ ပြည်သျှင်တိုက်၊ ရင်းဘွယ်ရွာ၌ ဖွားမြင်တော်မူ၏။ ဦးချစ်ဖြူ၊ ဒေါ်ရွှေရင်ရို့၏ တစ်ဦးတည်းသော သားဖြစ်၍ ငယ်နာမည်မှာ မောင်ချစ်ထွန်းဦးဖြစ်သည်။ ခြောက်နှစ်သားအရွယ်ကပင် မိဘနှစ်ပါးက ရင်းဘွယ်ဆရာတော်ကြီးထံ၌ အပ်နှံ၍ ပညာသင်ကြားခသည်။ အသက်ဆယ်နှစ်မြောက်တွင် မိဘနှစ်ပါးနှင့်အတူ ကန်းနီရွာသို့ ပြောင်းရွေ့ခရာ ကန်းနီဆရာတော်ထံ၌ ဆက်လက်ပညာသင်ကြားလျှက် ၁၃ အရွယ် ၁၂၇၇ ခုသို့ရောက်သောအခါ သျှင်သာမဏေအဖြစ်ဖြင့်၊ သင်္ဂြိုဟ်စသော အခြီခံပါဠိ စာပီတိကို သင်ကြားတတ်မြောက်ခသည်။ ၁၂၈၃ ခုနှစ်၊ ကဆုန်လ အသက် ၁၉ နှစ်ပြည့်ခါနီးမှာ ပခုက္ကူမြို့သို့ လားရောက်၍ အရှိတိုက်ခေါ် မဟာဝိဇရာမတိုက်၊ မြောက်တန်းလျှားကျောင်း၌ ဂန္တဝါစက စာချဆရာတော် ဦးစန္ဒနှင့် ဦးသီလရို့ထံ ပရိယတ္တိစာပီကျမ်းဂန်တိကို သင်ကြားဆည်းပူးခသည်။
၁၂၈၃ ခု၊ တပို့တွဲ့လ၌ မဟာဝိဇယာရာမ ကျောင်းတိုက်၊ ဆရာတော်ကြီးဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ဥပသမ္ပဒကံဖြင့် ပဉ္ဇင်းတက်သည်။ ၁၂၈၅ ခုတွင် ဦးစိန္တာသည် မိမိအား စာချပီးသော သံဃာတော်များနှင့်အတူ မန္တလေးမြို့သို့ လားရောက်၍ ၃ နှစ်တိုင်တိုင် ဆက်လက်ကာ ပရိယတ္တိစာပီကျမ်းဂန်များကို သင်ကြားပို့ချခသည်။ ၁၂၉၁ ပြည့်တပို့တွဲလတွင် မိမိ၏ နီရင်းဒေသ ကန်းနီကျေးရွာဆရာတော်ဘုရားထံသို့ ပြန်ကြွတော်မူခသည်။ ၁၂၉၁ ခု၊ ဝါဆိုလဆန်း ၁၄ ရက်သို့ရောက်သောအခါ ကွဲပြားနီသော ကျောက်နွားရွာကို အုပ်ထိန်းကာ ထိုရွာကျောင်းဟောင်းသို့ ပြောင်းရွှေ့သတင်းသုံးရမည်ဟူသော ဆရာတော်ဘုရား၏ အမိန့်ကို နာခံလျှက် ကျောက်နွားရွာ၌ ကျောင်းထိုင်ဆရာတော်အဖြစ်ကို ခံယူခရပါသည်။
ကျောင်းထိုင်ဆရာတော်အဖြစ်ဖြင့် ဦးစိန္တာသည် စာပီပရိယတ္တိကို သင်ကြားပို့ချလျှက်နီစဉ်မှာပင် မြို့ကြီးမြို့ငယ်၊ ရွာကြီးရွာငယ်များ၌ တောင်သူလယ်သမားဘဝ အလုပ်သမားလူတန်းစားဘဝတိကို ကြွီကွဲဖွယ်ရာ တွိ့မြင်ရလာခြင်းကြောင်း ဆင်းရဲပန်ပန်းရခြင်း၏ အကြောင်းရင်းကို ရှာဖွီသောအခါ နယ်ချဲ့အရင်သျှင်နှင့် မြီသျှင်ကြီးတိ၏ သွီးစုပ်မှုပင်ဟု တထစ်ချသိမြင်လာသဖြင့် သာသနာသည် ဒါယကာအပေါ်၌ တည်သည်။ ဒါယကာပင်ပန်းက သာသနာညှိုးနွယ်လိမ့်မည်ဟု ဒါယကာတောင်သူလယ်သမား အလုပ်သမားတိ၏ ဘဝကို မြှင့်တင်လိုသောကြောင်း စစ်တွေမြို့သို့ကြွရောက်ပြီးလျှင်၊ အထက်တန်းရှိနီ ဦးမြထွန်း၊ ဦးကျော်ခိုင်၊ ဦးထွန်းစိန် (နန္ဒမာလာ) ၊ ဦးဘိုးခိုင်၊ ဦးအောင်သာဦး အစဟိသော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းတိုင်ပင်လျှက် ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်ကို ၁၂၉၂ ခု၊ တန်းဆောင်မုန့်လ၌ စတင်ဖွဲ့စည်းခသည်။ ယင်းအချိန်မှစ၍ ဦးစိန္တာသည် ဦးပညာသီဟနှင့် တွိ့ဆုံကာ အဖွဲ့ချုပ်၏ နာယကများအဖြစ်ဖြင့် အားကြိုးမာန်တက် အရင်းသျှင် နယ်ချဲ့စနစ်ကို တိုက်ဖျက်လာခကတ်ပါသည်။ ဆရာတော်ဦးစိန္တာသည် တောင်သူလယ်သမားတိအား အခြီခံကျကျ ပညာပီးစည်းရုံးကာ ၁၂၉၂ ခု၊ တပေါင်းလတွင် မြေပုံမြို့နယ်၊ ကျောက်နွားကျေးရွာ၌တကြိမ်၊ ၁၂၉၃ ခု၊ တန်းဆောင်မုန့်လတွင်၊ မင်းမြားမြို့နယ် ကန်နီကျေးရွာ၌တကြိမ်၊ ၁၂၉၄ ခုနှစ်၊ ကဆုန်လတွင် မြေပုံမြို့နယ် ကြာအင်းတောင်ကျေးရွာ၌တကြိမ်၊ ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲချုပ်၏ ညီလာခံကို ပြုလုပ်ကာ ဦးစီးနာယကအဖြစ်ဖြင့် ဆောင်ရွက်ခပါသည်။ ထိုစဉ်အခါက နိုင်ငံရေးဟောပြောပွဲများသို့ တက်ရောက်ရန်ကိုမဆိုထားနှင့် နယ်ချဲ့ဆန့်ကျင်ရေးကို လီသံမျှပင် မပြောရဲသောအချိန်ဖြစ်သော်လည်း ညီညာခံတိုင်း၌ လူငါးထောင်ခန့်မျှ တက်ရောက်ခကတ်သည်မှာ ဆရာတော်ဦးစိန္တာ၏ လယ်ယာမြီတော်လှန်ရေး ပညာပီးစည်းရုံးမှု၏ အောင်မြင်ချက်ပင်ဖြစ်ပါသည်။ ထိုကြောင့် တောင်လယ်သမားများ နိုးကြားလာခကတ်သည်။ မိမိရို့၏ ဆင်းရဲတွင်းနက်ရခြင်းအကြောင်းရင်းကို သိမြင်လာကတ်၏။ နယ်ချဲ့အရင်းသျှင်စနစ်၊ မြီသျှင်စနစ်ရို့ကိုဖြိုဖျက် တော်လှန်ပစ်ကတ်ရမည်ကို သိနားလည်လာကြ၍ နိုးကြားအုံကြွလာခကတ်၏။ စည်းရုံးညီညွတ်လာခကတ်၏။
ထို့ကဲ့သို့ တစ်တိုင်းလုံးအုံ့ကြွနိုးကြားစည်းရုံးညီညွတ်လာသော အချိန် ၁၂၉၉ ခုနှစ်တွင် ဆရာတော် ဦးစိန္တာ၏ တာဝန်ပီးချက်ဖြင့် ဆရာစံထွန်းအောင်နှင့် ဦးစံရွှေ၊ ဦးဘစံရို့ ရွီးဆွဲသော အဖွဲ့စည်းမျည်းအရ မင်းပြားညီလာခံ ကျင်းပစဉ်မှာပင် ဦးအောင်ထွန်းဦး၊ မင်းပြား ( ဒို့လက်ရုံး) နှင့် ဦးဘစံရို့ ဂေါင်းဆောင်ကာ တိုင်းရင်းသားအစည်းအရုံးတစ်ခု ပေါ်ပေါက်လာခ၏။ ထိုအခါတွင် နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရာ၌ အမျိုးသားစည်းရုံးညီညွတ်မှု၏ အဓိက အရေးကြီးပုံကို ကောင်းစွာသိမြင်တော်မူသော ဆရာတော်ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်တွဲ၍ တစ်ခုတည်းသောအစည်းအရုံးကြီး ဖြစ်မြောက်ရေးကို ကြိုးပမ်းခရာ ၁၂၉၉ ခု၊ နတ်တော်လ အတွင်းတွင် စစ်တွေမြို့ ၊ တန်းခိုးဆရာတော်ဘုရားကျောင်း၌ နှစ်ဖက်သောအစည်းအရုံးမှ ကိုယ်စားလှယ်များနှင့် မျက်နှာစုံညီ ဆွေးနွေး ညှိနှိုင်းကာ “ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး”ဟု အညီအညွတ်တည်ထောင်ကြပြီး နယ်ချဲ့အရင်းသျှင်စနစ်ကို တိုက်ဖျက်ရေးအင်အားကို တည်ထောင်ခကတ်သည်။
ယင်းသို့ စုပေါင်းညီညွတ်သော တစ်ခုတည်းသောနယ်ချဲ့အရင်းသျှင်စနစ်တိုက်ဖျက်ရေး အင်အားစုဖြစ်တေ ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးကြီး၏ ညီလာခံကို ၁၃၀၁ ခု ကဆုန်လတွင် ပေါက်တောမြို့၌ကျင်းပခပြီး တောင်သူလယ်သမား လူတန်းစားတိုက်ပွဲ လမ်းစဉ်ကို ပြတ်ပြတ်သားသား ဖော်ထုတ်ချမှတ်ခလီသည်။ “ မြီသျှင်စနစ်ဖျက်သိမ်းရေး” အဆိုနှင့် “ ရခိုင်ပြည်နယ်အပါအ၀င် မြန်မာတပြည်လုံး လုံးဝ လွတ်လပ်ရေးချက်ချင်းပီးအဆို” ရို့ကို ထိုညီလာခံ၌ တညီတညွတ်တည်း ဆုံးဖြတ်ကြပြီး ရခိုင်တစ်တိုင်းလုံး အပြင်းအထန် စည်းရုံးခကတ်ပါသည်။ ညီလာခံအပြီး နံယုန်လတွင် နာယကဆရာတော်များဖြစ်သော ဦးစိန္တာနှင့် ဦးပညာသီဟရို့အား နယ်ချဲ့အစိုးရရို့က ဖမ်းဆီးပြီး ဆရာတော်အား အလုပ်ကြမ်းနန့် ၁၈ လထောင်ဒဏ် အပြစ်ပီးခံခရလီသည်။
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်လာသော ၁၃၀၃ ခုနှစ်နောက်ပိုင်းတွင် ဆရာတော် ဦးစိန္တာသည် ဆရာတော်ဦးပညာသီဟနှင့်အတူ လက်နက်ကိုင် မျိုးချစ်တပ်များ ဖွဲ့စည်းပြီး နယ်ချဲ့အင်္ဂလိပ်ရို့အား တော်လှန်ခပါသည်။ ဆရာတော်၏ တပ်များသည် မြေပုံမြို့ကိုလည်းကောင်း၊ ကျောက်ဖြူမြို့ကိုလည်းကောင်း၊ နယ်ချဲ့လက်က သိမ်းယူထိန်းသိမ်းထားနိုင်ခလီသည်။ ထိုစဉ်အခါက ရခိုင်မျိုးချစ်တပ်များသည် နယ်ချဲ့အား တော်လှန်ခရရုံသာမက တစ်ဖက် ၌လည်း တောင်သူလယ်သမားဆင်းရဲသားရို့အား ခေတ်အပျက်တွင် ညှဉ်းပမ်းနှိပ်စက်လာသော တောကြောင်များကိုလည်း နှိမ်နင်းခကတ်ရလီသည်။
ထို့ကြောင့် ၁၃၀၄ ခု ကဆုန်လတွင် ဗိုလ်ရန်အောင်တပ်များ ရခိုင်စစ်ကြောင်း ချီတက်လာရေအခါ သစ္စာဖောက်တောကြောင်များကြောင့် ဆရာတော်သည် အဖမ်းခံရကာ အသတ်ခံရဖို့နီးပါးဖြစ်ခရသီးရေ။
၁၃၀၅ ခုနှစ်စတွင် ဆရာတော်သည် ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံး ကိုယ်စားလှယ်အဖြစ် ရန်ကုန်သို့ဆင်းကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆက်ပြီး ဖက်ဆစ်တော်လှန်ရေးအတွက် စတင်စီစဉ်လီသည်။ ထိုနှစ်တန်းခူးလဆုတ် ၁၀ ရက်နိန့်တွင် မြေပုံမြို့ပိုင်နှင့် ကျောက်ဖြူခရိုင်ဝန်ရို့၏ သစ္စာဖောက်သတင်းပီးမှုကြောင့် ဆရာတော်ဦးစိန္တာသည် ဖက်ဆစ်ဂျပန်ရို့၏ ဖမ်းဆီးခြင်းကို ခံရပြန်လီသည်။ ဖက်ဆစ်ဂျပန်များသည် ဆရာတော်အား ကြောက်မက်ဖွယ်ရာ နည်းအမျိုးမျိုးဖြင့် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ပြီး ရခိုင်တိုင်းနှင့် မြန်မာပြည်ဖက်ဆစ်တော်လှန်းရေဒ ဂေါင်းဆောင်များနှင့် အစီအစဉ်များကို မိန်းမြန်းခရာ ဖက်ဆစ်ရို့၏ ညှဉ်းပန်းချက်ကို မခံနိုင်၍ ဖွင့်ပြောလျှင် တစ်ပြည်လုံးဖက်ဆစ်တော်လှန်ရေး ပျက်စီးကျဆုံးဖို့ကို မြင်သောကြောင့် ဆရာတော်သည် မိမိတပါးတည်း မချိမဆုံကြိတ်ခံပြီး တော်လှန်ရေးအား သစ္စာစောင့်ထိန်းခပါသည်။ ဝါဆိုလဆန်း ၆ ရက်နိန့်တွင် ဂျပန်တိက လက်လျှော့ပြီး ရွှတ်ပီးခသော်လည်း ထိုအချိန်မှစ၍ ဆရာတော်၏ ကျန်းမာရေး အခြီအနီမှာ ဖက်ဆစ်ဂျပန်တိ၏ ညှဉ်းပန်းနှိပ်စက်သောဒဏ်ကြောင့် ကျန်းမာရေးအကြီးအကျယ် ချို့ယွင်းခပါယာ။ သို့သော် ဆရာတော်သည် ဖက်ဆစ်တိုက်ဖျက်ရေးတွင် နောက်မဆုတ်ဘဲ အင်တိုက်အားတိုက် ဆက်လက်ဂေါင်းဆောင်မှုပီးခရာ ဂန့်ဂေါတိုက်ပွဲသည် ကမ္ဘာကျော်ခရလီသည်။
၁၃၀၆ ခုနှစ် ဂျပန်တော်လှန်ရေးအပြီးတွင် နယ်ချဲ့အင်္ဂလိပ်များပြန်ဝင်လာပြန်ရာ ဆရာတော်ဦးစိန္တာသည် ဖက်ကိုလည်း တော်လှန်မည်၊ အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်မအပ်ဘဲ နယ်ချဲ့ကိုလည်း ဆက်လက်တော်လှန်မည်ဟူသော တော်လှန်ရေးတပ်ဦးသစ္စာကို မဖောက်လို၍ နယ်ချဲ့အင်္ဂလိပ်အား ၂ နှစ်တိုင်တိုင် ဆက်လက်တော်လှန်ခလီသည်။
ယင်းအချိန်တွင် ရခိုင်တောင်စဉ်ကမ်းခြီတလျှောက်ဟိ လယ်သမား ဆင်းရဲသားလူထုတစ်ရပ်လုံးမှာ နယ်ချဲ့တိ၏ နှိပ်စက်ညှဉ်းပန်းခြင်း၊ ရပ်ရွာများကို မီးတိုက်ခြင်းရို့ကို ခံကတ်ရသော်လည်း တိုင်းပြည်လွတ်မြောက်ရေး၊ အမျိုးသားလွတ်းလပ်ရေး၊ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးကို ဇွဲသတ္တိနှင့် ချီတက်တိုက်ခိုက်လျှက်ပင် ဟိကတ်ပါသည်။ ၁၃၀၈ ခု၊ တန်းဆောင်မုန့်လ၌ ဆရာတော်ဦပညာသီဟ၊ ဝန်ကြီး ဦးအောင်ဇံဝေ၊ ဝန်ကြီးသခင်မြနှင့် တိုင်းရင်းသား အစည်းအရုံးဂေါင်းဆောင်များရို့သည် ကြာအင်းတောင် ဆရာတော်ကျောင်းသို့ ရောက်လာကတ်ပြီးလျှင် ဦးစိန္တာနှင့်တွိ့ဆုံဆွေးနွေးပြီးနောက် ထိုနှစ် နတ်တော်လ စတုတ္ထအပတ်တွင် ဆရာတော်အား လွတ်ငြိမ်းချမ်းသားခွင့် ကြေညာလိုက်သဖြင့် ဆရာတော်ဦးစိန္တာသည် တော်ခိုရာမှထွက်လာ၍ ကျယ်ပြန့်သောစည်းရုံးရေးကို ဆက်လက်ဆောင်ရွက်ခလီသည်။
၁၃၀၈ ခု၊ နှောင်းတန်းခူးလ၌ မြေပုံမြို့နယ်တွင် ဆရာတော် ဦးစိန္တာ ဂေါင်းဆောင်သော ပြည်လုံးကျွတ် တပ်ပေါင်းစု ညီလာခံကိုကျင်းပခရာ ဖဆပလနှင့် ကွန်မြူနစ်ပါတီရို့ကိုပါ ဖိတ်ကြားခ၏။ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဆွေ နှင့် ကွန်မြူနစ်ပါတီရို့တက်ရောက် ခကတ်ပါသည်။ သို့သော်လည်း အချိန်အခါနှင့် အခြေအနီ မညီညွတ်ကြောင့် ညီလာခံ၌ နိုင်ငံရေးဂေါင်းဆောင်များ စိတ်ငြိုငြင်ခြင်း ဖြစ်ခကတ်ရသည်။
၁၃၀၉ ခု၊ ကဆုန်လဆန်း ၇ ရက်နိန့်တွင် မြေပုံမြို့မှ စစ်တွေမြို့သို့အလား ဦးစိန္တာသည် ဘင်္ဘောထက်၌ အဖမ်းခံရပြီးလျှင် ယင်းကဆုန်လကွယ်နိန့်ပင် စစ်တွေမှ လီယာဉ်ဖြင့် ရန်ကုန်မင်္ဂလာဒုံလီဆိပ်သို့ ယူဆောင်လျှက် သာယာဝတီထောင်သို့ အပို့ခံခရပြီးနောက် ၁၃၁၀ ခု၊ နှောင်းတန်းခူးလဆန်း ၆ ရက်နိန့်တွင် သာယာဝတီထောင်ကို သူပုန်းတပ်ပေါင်းစုများ ဖွင့်သောအခါမှ ဆရာတော်သည် ထောင်မှရွတ်ခရလီသည်။
၁၃၁၁ ခု၊ နံယုန်လဆုတ် ၅ ရက်နိန့်တွင် ဒါးလက်ချောင်းနှင့် ၈ ရက်နိန့်တွင် ကြာအင်းတောင်သို့ရောက်လာပြီး တောလှန်ရေးကိစ္စကို ဆက်လက်ဆောင်ရွက်ပြန်ရာ ပါတီနှင့်လူထု အမြင်ကွဲပြားလာခြင်း၊ ပါတီတွင်းမှာလည်း အချင်းချင်း အမြင်မတူအယူအဆကွဲပြားလာခြင်းရို့ကြောင့် ထိုကွဲပြားမှုကို လက်နက်ဖြင့် ဖြေယှင်းကတ်တေ အခြေအနီသို့ပင် ဆိုက်ရောက်လာခကြောင်း ဆရာတော်မှာ ကြေကွဲဝမ်းနည်းစွာ တွိ့ရပြန်၏။ ထိုကြောင့် ပါတီအတွင်း ညီညွတ်ရေး၊ မဟာမိတ်ပါတီ ညီညွတ်ရေးပါတီနှင့် လူထုစိတ်ချမ်းသာရေးကို ကြိုးသားခရပါသည်။ သို့သော်လည်း မှန်းခြီပေါက်အောင် ခရီးမရောက်ခပါ။ ယင်းသို့ကြိုးစားနီစဉ်များပင် ကမ္ဘာ့နိုင်ငံရေး၊ မြန်မာနိုင်ရေး အခြေအနီအရ လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေးနှင့် မြန်မာနိုင်ငံ အလုပ်သမား၊ လယ်သမားများ စီးပွားရေးအားလုံးညီညွတ်ရန် လိုအပ်ယာဟု သဘောပေါက်ယုံကြည်ခြင်းကြောင့် ပါတီနှင့် လူထုကို ပညာပီးပြီးနောက် ၁၃၁၉ ခု၊ တပို့တွဲလဆန်း ၆ ရက်၊ ၁၉၅၈ ခု၊ ဇန်နဝါရီလ ၂၅ ရက်နိန့်တွင် မင်းပြားမြို့၌ လက်နက်စွန့်ပွဲ တစ်ရပ်ကို ကျင်းပ၍ ဆရာတော်ဦးစိန္တာသည် တပည့်တပန်းများနှင့် ဥဒပဒေတွင်းသို့ ဝင်ရောက်ခပါသည်။
ဆရာတော်ဦးစိန္တာအား အရင်းသျှင်နယ်ချဲ့ဖက်ဆစ်ရို့၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်သည် ဖိစီးလာခြင်းကြောင့် သက်တော် ၆၂၊ ဝါတော် ၄၂ ဝါမြောက်တွင် ၁၃၂၆ ခု၊ နတ်တော်ဆန်း ၁၀ ရက်၊ တနင်္လာနိန့် နိန့်ခြင်းဖက် ၂ နာရီအချိန်တွင်၊ ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားလမ်း၊ အမှတ် ၁၅၂ ၊ သိမ်ကုန်းကျောင်းတိုက်၊ ရွှေဘုံသာကျောင်းဆရာတော် ဦးရဝိန္ဒထံ၌ တည်းခိုဆီးဝါးကုသနီစဉ်မှာပင် ဘုရားရဟန္တာအသျှင်မြတ်ရို့သော်မှ မလွန်ဆန်နိုင်သော သီဘေးတရားအရ ပျံလွန်တော်မူလီသည်။
--------------
ဝန်ခံချက်။ ။ အေးသိန်းရွီးသားရေ “နိုင်ငံအကျိုးပြုအဖိုးတန်တရနာများ” စာအုပ်မှကူယူပနာ ရခိုင်ဘာသာသို့ တတ်နိုင်သလောက် ပြန်လို့တင်ပြလိုက်ပါသည်။
ရခိုင်လူမျိုးရို့၏ ကျင့်ဝတ်တရား(၄၈)ပါး
ထိုရက္ခိုင်မဟာရာဇဝင်ကြီးလာ (၄၈) ပါးသော ရက္ခိုင်လူမျိုးရို့၏ကျင့်ဝတ်ကို ဖော်ပြရသော်
၁။ ရှိဦးစွာ ရတနာသုံးပါးအား မမိမလျော့ဘဲ ကျင့်သုံးဆောက်တည် ဆည်းကပ်ကိုးကွယ်ရန်တပါး။
၂။ မိဘဆရာသမားရို့၏ဆုံးမသြဝါဒကို မြီဝယ်မကျမှတ်သားနာယူ ကျင့်သုံးစောင့်ယှောက်ရန်လည်း တပါး။
၃။ မိမိရို့၌မငြိမ်သက်ဘဲ သော့သွမ်းရမ်းကြွခြင်း၊ မကောင်းသောအကျင့်များကို ပါယ်ယှားရန်လည်း တပါး။
၎။ ပညာသိပ္ပ တတ်မြောက်စီရန်ကြိုးစားအားထုတ်လျှက် သင်အံလေ့လာရန်လည်း တပါး။
၅။ အသက်သိက္ခာကြီးရင့်သောသူရို့နှင့် မိဘ၊ ဆရာ၊ ရီမြီအသျှင် ဘုရင်မင်းမြတ်ရို့အားလည်း မရိုမသေ မလေးမစား အဂါရဝပြုလုပ်ခြင်းကို အထူးယှောင်ကြည်ရန်လည်း တပါး။
၆။ မိမိကိုယ်ကို ပညာနှင့်ပေါင်းယှဉ်လျှက် လောဘ၊ ဒေါသ၊ မောဟစသော မကောင်းသောဆန္ဒများကို ပယ်ယှားခြင်းသည်လည်း တပါး။
ရ။ ငါးပါးသီလကို စောင့်ယှောက်ပြီးလျှင် မိမိရို့အားလျှော်စွာ အလှူဒါနကုသိုလ်များကို နိညမပြတ် စိုက်ပျိုးရခြင်းသည်လည်း တပါး။
၈။ လောက၌ သူတပါးရို့အား နှုတ်ဖြင့်ကျူးလွန်ခြင်း၊ ကိုယ်ဖြင့်ကျူးလွန်ခြင်းတည်းဟူသော မကောင်းသောတရားနှစ်ပါးကို ဖယ်ယှားပြီး စိတ်ကြည်လင်စွာဖြင့် မိတ္တာတရားကိုရှိထားလျှက် သဘောဖြောင့်မတ်စွာဖြင့် နီရခြင်းသည်လည်း တပါး။
၉။ ထို့အပြင် လောကဓမ္မ နှစ်ဌာနတည်းဟူသော ကျင့်ဝတ်တရားနှစ်ပါးကို ပစ္စုပ္ပန်သံသရာ၌ ချမ်းသာခြင်းဖြင့် သိစွမ်းဆောင်ရွက်နိုင်သော ပညာဟိပုဂ္ဂိုလ်များအား အလေးအမြတ်ပြုပြီးလျှင် မိတ်ကျွမ်းဝင်ရခြင်းသည်လည်း တပါး။
၁၀။ ၎င်းမိတ်ကျွမ်းဝင်သော ပုဂ္ဂိုလ်ရို့၌ ပညာဖြင့်ပေါင်းဖော်ပြီးလျှင် တရားလက်လွတ်လျှက် ကျင့်ဝတ်တရား မှောက်မှားသောသူရို့သည် လောကတွင် သတ္တဝါရို့၌လည်း အကျိုးစီးပွါးမဟိ၊ သံသရာ၌လည်း အကျိုးမဟိသောသူများကို ဝီးစွာရန်သူကဲ့သို့ မိမိစိတ်၌ထားပြီး ယှောင်ကြည်ရခြင်းသည်လည်း တပါး။
၁၁။ သူတပါး ဥစ္စာပစ္စည်းများကို ခိုးယူခြင်းမှလည်းကောင်း၊ သူတပါးသားမယားရို့အား လွန်ကျူးခြင်းမှ အထူး ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၁၂။ မိမိအား သူတပါးရို့သည် လွန်ကျူးခြင်းဖြင့် ကြိမ်းမောင်းငြားသော်လည်း မျက်မာန်ဒေါသတိထိန်းချုပ်လျှက် သည်းခံခြင်းဖြင့် ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၁၃။ လူရို့၌ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟုဆိုအပ်သော လက္ခဏာရေးသုံးပါးကို အလေ့အလာအားဖြင့် အခါခါအောက်မိပြီး မိမိခန္ဓာကိုယ်ကို ပညာမျက်စိဖြင့် ကြည့်ရှုဆင်ခြင်ဆုံးမကာ တပြောင်းပြန်ပြန် စက်အဟန်သို့ ဖြစ်ပျက်နီခြင်းကို ဒုက္ခတရားဖြင့်သိမြင်ကာ ကြောက်ရွံထိတ်လန့်စီရန် ရှာမှီးရခြင်းသည်လည်း တပါး။
၁၄။ ထို့အပြင် လောဘ၊ ဒေါသ၊ မောဟဟုဆိုအပ်သော စိတ်ဆင်ရိုင်းကို နိညမပြတ် ယိုင်ကျေးစီခြင်းငှာ ပညာဖြင့် ထိန်းသိမ်းစောင့်ယှောက်လျှက် ငြိမ်သက်တည်တံ့စွာဖြင့် နီရခြင်းသည်လည်း တပါး။
၁၅။ ထို့ပြင် အမိ၊ အဘရို့အား ချစ်ခင်မြတ်နိုးပြီးလျှင် ဘုရားတဆူ၊ ဂူတလုံးကဲ့သို့ နိညမပြတ် အရိုအသေ အလေးအမြတ် ရှိခိုးဦးတင်လျှက် ပြုစုလုပ်ကျွေး မွီးမြူရခြင်းသည်လည်း တပါး။
၁၆။ ထို့အပြင် မိမိရို့ ဆွီမျိုးညာတိရို့၌ သက်ကြီးရွယ်အိုရို့အား အရိုအသေ အလေးအမြတ်ပြု လုပ်ဆောင်ရွက်ခြင်းသည်လည်း တပါး။
၁၇။ ထိုမှတပါး အရပ်လေးမျက်နှာမှ ရောက်လာကုန်သော ရဟန်း၊ ပုဏ္ဏားစသည်ရို့တွင် အဝတ်အစားရိက္ခာ ချို့တဲ့သော ပုဂ္ဂိုလ်များအား ကောင်းမွန်စွာပီးကမ်းထောက်ပံ့ခြင်းဖြင့် ကုသိုလ်ဥစ္စာထုပ်ကို သိုမှီးပြုလုပ်ရခြင်းသည်လည်း တပါး။
၁၈။ ထို့အပြင် လယ်လုပ်၊ ကုန်သွယ်၊ ကုန်ရောင်း၊ ကုန်ဝယ်၊ ဖောက်ကား ပြုလုပ်ကုန်သောသူရို့၌ မိမိ လုပ်ကိုင်လျှက်ဟိသော အလုပ်ရို့တွင် နိညမပြတ် အစီးအပွါးတွက်ချက်ပြီး မယုတ်မလျှော့စီအောင် လုပ်ကိုင်ဆောင်ရွက်ခြင်းသည်လည်း တပါး။
၁၉။ ထိုသို့လုပ်ကိုင်ခြင်းမှ စောင့်ယှောက်ပြီးလျှင် အစာရိက္ခာရို့ကို ပြည့်ဝှမ်စွာ ကျီကျရို့ဖြင့်သိုမှီး၍ ဆွီမျိုးရို့အား ထောက်ပံ့မစရခြင်းသည်လည်း တပါး။
၂၀။ ထိုသို့ထုံးနည်းရို့ကို ပညာဟိတိထံ ချဉ်းကပ်ပြီး သူရို့အားထောက်ပံ့ကာ သင်ယူမှတ်သားရခြင်းသည်လည်း တပါး။
၂၁။ ဆရာထံမှရသော ထုံးနည်းများကို စိတ်ထဲ၌ စွဲမြဲစွာ မှတ်သားနာယူပြီး သူ့ကျေးဇူးကို သိရခြင်းသည်လည်း တပါး။
၂၂။ ၎င်းအပြင် ဖိုး၊ ဖီး၊ စိုင်ဆက် မိမိရို့မျိုးရိုးမှ ဆင်းသက်လာသော ဓမ္မတာကျင့်ရိုးများကို မဖောက်မပြန် ကျင့်သုံးစောင့်ယှောက်ရခြင်းသည်လည်း တပါး။
၂၃။ အစဉ်တရားစောင့်ယှောက်ခြင်းဖြင့် အိမ်ထောင်ပြုရာတွင် ရှိသူဟောင်း သက်ကြီးဝါကြီးရို့၏ ထုံးနည်းနာများကိုယူဆောင်၍ ပြုလုပ်ရခြင်းသည်လည်း တပါး။
၂၄။ တပါးသောအမျိုးရို့က လှည့်ပတ်ဖြားယောင်သော်လည်း မိမိရို့မျိုးရိုးဇာတိများ မပျောက်ပျက်စီရန် ရဲဝံ့စွာ အဝီးမှ ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၂၅။ နိုင်ငံတော်ဝယ် အတတ်ပညာလုံခြုံစွာ မတတ်သူရို့အား တစုံတခုသော လူမှုအိမ်ထောင်စီးပွါးဆောင်ရန် ပေါင်းဖော်ခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၂၆။ တစုံတခုသော အတတ်ပညာမဟိသောသူရို့အား ညဥ့်မှောင်မသိ၊ ကြက်မျက်အိပ်သောသူရို့နှင့် အလားတူဘိသကဲ့သို့  လူမှုစီးပွါးဆောင်ခြင်းကို ယှောင်ကြဉ်ခြင်းသည်လည်း တပါး။
၂၇။ အိမ်ထောင်သားမွီးပြုလုပ်ရာ၌ လူမှုရေးကိစ္စအ၀၀ကို ကျီပွန်စွာ နားလည်လိမ္မာသိတတ်ခြင်းဖြင့် ပြည့်စုံရခြင်းသည်လည်း တပါး။
၂၈။ ထိုသို့ သိတတ်ပြီးမှ အိမ်ထောင်သားမွီးရာဝယ် ကြံစည်တွက်ဆလုံ့လထုတ်ကာ စီးပွါးချမ်းသာခြင်းဖြင့် ပြည့်စုံရခြင်းသည်လည်း တပါး။
၂၉။ လောဘ၊ ဒေါသ၊ မောဟ၊ မာနတရားများကို ထိန်းချုပ်လျှက် သူတပါးက မကောင်းသောဆန္ဒဖြင့် ပျက်စီးစီရန် နည်းပီးသော်လည်း မိမိက ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၀။ မိဘရို့၏ကျေးဇူးတရားသည် မြင့်မိုရ်တောင်နှင့်နှိုင်းဆငြားသော်လည်း အတိုင်းမသိ ကြီးမားသော ကျေးဇူးတရားပင်တည်းဟု ဖန်တလဲလဲ အောက်မိသတိရခြင်းသည်လည်း တပါး။
၃၁။ အသင့်ပေါင်းဖက်ကုန်သော သားမယား၊ မြီး၊ မြစ်၊ ဆွီမျိုး၊ ကျေးကျွန်စသည်များကို စောင့်ယှောက် ထောက်ပံ့ရခြင်းသည်လည်း တပါး။
၃၂။ လူပယ်၊ လူပြက်ရို့က ကဲ့ရဲ့ကတ်သော်လည်း ဝမ်းထဲသံဝေဂစိတ်ဖြင့်ဖြေလျှက် ထိုသူရို့အား ဝီးစွာယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၃။ လူကောင်းရို့က ချီးမွမ်းခြင်းဖြစ်စီရန် ဆွီမျိုး၊ ခင်ပွန်း၊ အခြံရံသင်းပင်းရို့အား ချစ်ပန်းဖြင့် မပျက်စီခြင်းငှာ စောင့်ယှောက်ရခြင်းသည်လည်း တပါး။
၃၄။ အိမ်ထောင်စီးပွါးသိုမှီးရာတွင် မြီအိုး၊ မြီခွက်များဖြင့် တံစက်ရီကို ခံယူဘိသကဲ့သို့လည်းကောင်း၊ ခြကောင်ရို့သည် မိမိ၏ပါးစဖြင့် ကိုက်ချီယူလျှက်၊ တောင်ပို့ပြုလုပ်သကဲ့သို့လည်းကောင်း၊ စီးပွါးဥစ္စာကို ကောင်းစွာလုံစွာ စုဆောင်းရခြင်းသည်လည်း တပါး။
၃၅။ လူရို့၌ ပညာ၊ ဝီရိယဖြင့် မြဲမြံခိုင်မာစွာ ကြံဆောင်လုပ်ဆောင်ရခြင်းသည်လည်း တပါး။
၃၆။ ထိုသို့လုပ်ကိုင်ရာတွင် သေသပ်စွာသော ယောက်ျားမြတ်ရို့လုပ်ကိုင်ခြင်းသည် မိမိထင်မှတ်သည့်အတိုင်း ပြည့်ဝစွာ ချမ်းသာစီးပွါးပြုခြင်းသည်လည်း တပါး။
၃၇။ ထို့ပြင် ပညာချို့တဲ့သောသူရို့၌ လုံ့လမဲ့မှု၊ အများသူရို့၏ကဲ့ရဲ့ပြစ်တင်မှုကို ခံနိုင်ရခြင်းသည်လည်း တပါး။
၃၈။ ကိုယ်ကိုမချစ်၊ အကျင့်စာရိတ္တပျက်စီးခြင်းဖြင့် လူသွမ်းရို့က မည်ကဲ့သို့မသိ၊ ပျင်းရိရိနှင့် ကြမ္မာပိုက ငါရို့နီရာ စီးပွါးလာအံ့ဟု ကြမ္မာကို ယိုးစွပ်လျှက်နီခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၃၉။ နိုင်ငံတော်၌ သူဌီး၊ သူကြွယ်၊ ကုန်သွယ်လယ်လုပ်ရို့က သူတပါးမှီခိုရာဖြစ်သည့် လက္ခဏာသည်ကား အလွန်အရိပ်အာဝါသကောင်းသော ပြိုင်ညောင်ပင်ကြီး၏လက္ခဏာနှင့် အလားတူ ဖြစ်စီရခြင်းသည်လည်း တပါး။
၄၀။ ထိုပြိုင်ညောင်ပင်ကြီး၏သဘောသည် လမ်းခရီး၌ လားလာသူအပေါင်းအား အရိပ်ခိုအောင်းရာဖြစ်သကဲ့သို့၊ ထိုနည်းတူစွာ လူသုံးပါရို့ မှီခိုချမ်းသာရစီရန် နီထိုင်ဆောင်ရွက်ရခြင်းသည်လည်း တပါး။
၄၁။ ပြိုင်ညောင်ပင်ကြီး၏ အသီးအပွင့်ရို့ကို မှီခိုလာသော ငှက်အပေါင်းသည် သာယာအီးချမ်းစွာ စားသောက်ရသကဲ့သို့ ငါရို့အမျိုးလေးပါး မှီခိုစားသောက်ခြင်း၌ ချမ်းသာသုခပြည့်စုံစီရန် ဆောင်ရွက်ရခြင်းသည်လည်း တပါး။
၄၂။ သူဆင်းရဲရို့သည် သူဌီး၊ သူကြွယ် အသီးသီး ညာတိသင်္ဂဟများအား မှီခိုလျှက် လုပ်ကိုင်စားသောက်ရစီရန်လည်း တပါး။
၄၃။ မှီခိုလုပ်ကိုင်သူများအား စောင့်ယှောက်သူရို့က သွန်သင်ပြောဆိုရာတွင် သူတပါးရို့ ချစ်မြတ်နိုးစိမ့်သောငှာ သာသာချိုချိုပြောဆို၍ စောင့်ယှောက်ရခြင်းသည်လည်း တပါး။
၄၄။ ကြမ်းတမ်းယုတ်မာစွာ ပညာမဲ့စောင့်ယှောက်ခြင်းကို ယှောင်ကြဉ်ရခြင်းသည်လည်း တပါး။
၄၅။ မိမိ၌ မှီခိုသူရို့အား လောကဝတ်ထိုက်သည့်အားလျှော်စွာ ပြည့်ဝစီ၍ အမှုခပ်သိမ်းများကို ဆောင်ရွက်ထိန်းသိမ်းရခြင်းသည်လည်း တပါး။
၄၆။ သူစိမ်းသူပျက်ပင်ဖြစ်သော်လည်း မှီခိုနီသူရို့အား စောင့်ယှောက်ရာတွင် မိဘသဖွယ် သာသာကြည်ကြည် စောင့်ယှောက်ခြင်းသည်လည်း တပါး။
၄၇။ မိမိရို့၌ ဆွီရင်း၊ သားမြီး၊ ကျေးကျွန်သင်းပင်းရို့အား ပျော်ပျော်ပါးပါးဖြစ်စီရန် နှုတ်ချိုသာစွာဆုံးမလျှက် အဝတ်အစား ပီးကမ်းဆောင်ရွက်ပြီးလျှင် မညှိုးမနွမ်းစီရန် မွီးမြူရခြင်းသည်လည်း တပါး။
၄၈။ ရက္ခိုင်မျိုးရိုးများ၌ အစိုင်ဆင်းသက်လျှက် ကျင့်သုံးဆောက်တည်ရကုန်သော ပညတ်တရားများကို မမိမလျော့ဘဲ စောင့်ယှောက်ရခြင်းသည်လည်း တပါး။
အထက်ဖော်ပြပါ ရက္ခိုင်မဟာရာဇဝင်တော်လာဖြစ်သည့် ရက္ခိုင်လူမျိုးရို့၏ ကျင့်ဝတ် (၄၈) ဖြာကို စာရှုသူများ ဖတ်ရှုခြင်းဖြင့် ရက္ခိုင်လူမျိုးရို့၏ ယိုင်ကျေးမှု၊ ဓလေ့ထုံးစံ၊ ကျင့်ဝတ်များကို သိဟိကာ လောကီ၊လောကုတ္တရာ နှစ်ဖြာသောကောင်းကျိုး တိုးတက်ကြီးပွါးနိုင်ကတ်ပါစီဟု လေ့လာမှတ်သားကာ ရွီးသားဖော်ပြလိုက်ရပါသည်။
ပဉ္စဂုဏံ အဟံဝန္ဒာမိ သဗ္ဗဒါ။
(သန္တာမြီ မောင်သော်တာ)
ကျမ်းကိုးစာရင်း
၁။ ကွယ်လွန်သူ ရက္ခိုင်ရာဇဝင်ဆရာကြီး ဦးဦးသာထွန်း (မြောက်ဦး) ၏ ဟောပြောချက်များ။
၂။ ရက္ခိုင်ရှိဟောင်း ဂါထာမန္တန်ထူးများ (အသျှင်ဝါသဝ)
❆ ရခိုင်ရာဇဝင် ဗီဒီယိုဇာတ်လမ်း❆
ဤဇတ်လမ်းကို အနာဂါတ် ရခိုင်ရင်သွီးငယ်ချေရို့ သင်္ခန်းစာရစီဖို့ တစုံတယောက်သောသူက အနုပညာလက်ရာမြောက်စွာ ဗွီဒီယိုဇတ်လမ်းတခွေ ဖန်တီးသင့်သည်။ သို့သော် ရခိုင်ဘုရင်သည် မြန်မာဘုရင်ပုဏ္ဏားဂေါင်းပေါင်း မဆောင်းသင့်ပေ။ ရခိုင်ဘုရင် မကိုက်သရဖူကိုရာ ဆောင်းသင့်ပါသည်။
တနိသောအခါ ပြည့်သျှင်မင်းဖလောင်းကြီးသည် မဟာမုနိဘုရားကို ဖူးမြော်ကြည်ညိုရန်ထွက်တော်မူသည်။ မင်းကြီးဝတ်ဆင်တော်မူသော ပတ္တမြားလက်စွပ်သည်ကျွတ်၍ ရီထဲသို့ကျလတ်သည်။ လက်စွပ်ကို ငါးတကောင်ရ၍မျိုသည်။ တလမျှဟိလတ်သောအခါ ထိုငါးကို တံငါတယောက်ရသည်။ ငါးဝမ်းမှလက်စွပ်ကို တံငါရသည်။ တံငါယောက်ျားသည် ကြောက်လန့်ခြင်းကြောင့် လက်စွပ်နှင့်အတူ ငါးကိုပါဆောင်ယူလာပြီးမင်းကြီးထံဆက်သည်။ မင်းကြီးက အမတ်ပညာကျော်ကိုမီးတော်မူရာ အမတ်ကြီးလျှောက်ထုံးမူကား-
အသျှင်မင်းမြတ်။ လက်စွပ်တော်ရီသို့ကျသောအခါ၌ ငါးသည်မျိုယူသိမ်းထားသည်။ ထိုငါးသည် မိမိအသက်ကို အသီခံလျှက် တံငါထံဝင်ရောက်သည်။ ထိုငါးမှ လက်စွပ်ကို တံငါရ၍ ဆက်သလာရသည်။ ဤအရာကိုထောက်၍ မှန်တိုင်းလျှောက်ရပါသော် ဥာဏ်နည်းသူရို့ ငြိုငြင်ရာသောအကြောင်းဟိပါသည်။
အသျှင်မင်းကြီး။ ဘုန်းကျက်သရေကြီးကျယ်ကြောင်းကို ပြည်သူအများသိထင်စီပြီးမှ ခုနှစ်လနှင့်ပြီးအောင် စီစဉ်ပါမည်- လျှောက်လတ်သော် ပတ္တမြားကိုယူလျှက် သားတစ်အတွင်း၌မြှုပ်သည်။ ထိုပတ္တမြားသားတစ်ကို အရွယ်သင့်တော်အောင်လှီးပြီး အခြားသားတတုံးများနှင့်အတူရော၍ ကြဲထားလတ်သည်။ ထိုသားတများကို ကျီးစွန်များချီယူကြလီရာ ပတ္တမြားဟိသောသားတစ်လည်းပါလားသည်။ ဆယ်ရက်ခန့်ကြာသောအခါ ထိုစွန်ငှက်ကို ငှက်ခတ်သားရို့ရဟိသည်။ စွန်ဝမ်းမှပတ္တမြားကိုရ၍ ငှက်ခတ်သားသည် စွန်ကောင်နှင့်အတူတကွ ပတ္တမြားကို မင်းထံဆက်သရောက်လာပြန်သည်။ ယင်းသို့နောက်မှ မထင်ရှားသူတယောက်အား ပတ္တမြားကိုအပ်၍ ရောင်းစီသည်။ ကုလားတယောက်သည် အသပြာတရာပီးပြီး ထိုပတ္တမြားကိုဝယ်ယူသည်။ ထိုကုလားသည် ပတ္တမြားကိုရွှေနှင့်ကွင်းရန် ပန်းတိမ်သည်တဦးထံအပ်သည်။ ထိုလက်စွပ်ကွင်း၍ပြီးလျှင် ပန်းထိမ်အိမ်၌ ကုလားသို့မအပ်မှီ သူခိုးခိုး၍ပါလားသည်။ ကုလားသည် လက်စွပ်ကိုရလိုမှုနှင့် မင်းထံလျှောက်ထားလာသည်။ မင်းကြီးက အမှုကိုအမတ်ကြီးသို့အပ်သည်။ အမတ်ကြီးလည်း အမှုကိုစစ်ဆီးရာ လက်စွပ်အကြောင်းကိုသိရသည်။ အမတ်ကြီးလည်း ပြီးအောင်စီရင်မည်ဟုဆိုလျှက် ဆိုင်းငံ့၍နီလတ်သည်။
ပန်းထိမ်အိမ်မှ လက်စွပ်ခိုးယူသောသူသည် မြစ်ဆိပ်၌ရီချိုးသောအခါ လက်စွပ်ကိုချွတ်၍ တနီရာ၌ထားလတ်သည်။ ထိုလက်စွပ်ထားရာအပါး၌ ကြွက်တွင်းတခုဟိသည်။ ကြွက်သည် တွင်းမှထွက်လာပြီးအစာရှာရာ လက်စွပ်ကိုတွိပြီး ယူလားလျှက် တွင်းသို့ဝင်လားသည်။ တရားသူကြီးကျွန်တယောက်သည် ကြွက်သားစားလို၍ ကြွက်ရှာရန်လားသည်။ ထိုသူသည် အဆိုပါကြွက်တွင်းကိုတွိ၍ တူးလတ်သည်။ ကြွက်တွင်းဟိ ပတ္တမြားလက်စွပ်ကို ရလတ်သည်။ ထိုသူသည် ပတ္တမြားလက်စွပ်ကိုမထားဝံ့သဖြင့် မိမိသခင်ဖြစ်သူ တရားသူကြီးထံ အပ်နှံထားလတ်သည်။ တရားသူကြီးသည် လက်စွပ်ကိုမြင်လျှင် ပြည့်သျှင်မင်းကြီးလက်စွပ်ဖြစ်သည်ကိုသိပြီး အကြံဖြင့် ၀မ်းသာအားရသည်။ အမတ်မဟာပညာကျော်သည် ခုနှစ်လနှင့် တံငါမှု၊ ဌက်ခတ်မှု၊ ကုလား ပန်းတိမ်မှုများကို စီရင်မည်ဟု မင်းထံလျှောက်ထားသူဖြစ်သည်။ အထက်အမွီမှုတွင်လည်း ဓမ္မသတ်ကိုပယ်၍ ငါရို့စီရင်သောအမှုကိုဖျက်ခသည်။ တရားသူကြီးသည် မဟာပညာကျော်ကို အငြိုးဖြင့်အရှက်ခွဲရန် အကြံဖြစ်လတ်သည်။ သို့နှင့်လက်စွပ်ကို ခုနှစ်လလွန်ပြီးမှ မင်းထံဆက်မည်ကြံလျှက် လုံခြုံစွာ ထုပ်သိမ်းထားလတ်သည်။ တရားသူကြီး အခြားအိမ်သို့ထွက်လားခိုက် မယားဖြစ်သူသည် လက်စွပ်ကို ထုတ်ယူကြည့်သည်။ အိပ်ချင်သည်ဖြစ်၍ လက်စွပ်ကိုအနီးတွင်ထား၍ အိပ်ပျော်လားသည်။ ထိုအခိုက်
ကျီးတကောင်ရောက်လာပြီး လက်စွပ်ကိုချီယူလားကာ အသိုက်၌ထားသည်။ တရားသူကြီးသည် အိမ်သို့ပြန်ဝင်လာပြီးလက်စွပ်ကို ကြည့်ရှုစစ်ဆေးရာ မိမိထားရာတွင်မတွိ၍ မယားကိုမီးသည်။ မယားလည်း ကွယ်၍သာဆိုသဖြင့် လင်မယားရန်ရှက်တင်ဖြစ်ကြသည်။ သို့ကြောင့် လင်မယားကွာယှင်းလိုကြောင်း မင်းကြီးထံလျှောက်ထားသည်။ မင်းကြီးလည်းအမှုကို အမတ်ကြီးသို့အပ်၍စီရင်စီသည်။ အမတ်ကြီးသည် တရားသူကြီးမယားအား အမှုရင်းကို စုံစိအောင်စစ်ဆေးမီးမြန်းသည်။ လက်စွပ်ပျောက်လီသော အကြောင်းဖြစ်သည်ကိုသိရသည်။
ထိုအခါအမတ်ကြီးက အမှုကိုစီရင်ပီးပါမည်။ ဆိုင်းငံ့ပါဦးဆို၍နီလတ်သည်။ ထိုသောကာလ တနိတွင် ကျောင်းသားသူငယ်တဦးသည် ကျီးသိုက်ကိုမြင်သဖြင့်တက်ပြီး၊ ကျီးသိုက်ကိုနှိုက်ရာ လက်စွပ်ကိုရသည်။ ကျောင်းသားငယ်သည် လက်စွပ်ကို ဆရာဘုန်းကြီးသို့ပီးအပ်သည်။ ထိုဘုန်းကြီးလည်း ရတနာဖြစ်သည်၊ မင်းနှင့်ထိုက်သောဥစ္စာရာဖြစ်သည်။ မင်းအားဆက်မည်ဟူ၍ ပြည့်သျှင်မင်းကြီးထံဆက်သသည်။ မင်းကြီးလည်း အမတ်ပညာကျော်ကိုခေါ်၍ လက်စွပ်ရကြောင်းပြသည်။ အမတ်ကြီးသည် လက်စွပ်ကို သားတစ်၌ထည့်၍ ငှက်စာကျွေးသော လက်စွပ်ရက်ကစ၍ တွက်စစ်သော်ရက်ပေါင်း (၁၉၀) ဟိပြီဖြစ်ကြောင်း သိလတ်သည်။ စီရင်ရန် ရက် (၂၀) သာလိုတော့သည်။ အမှုကိုစီရင်တော့မည့်အကြောင်း မင်းကြီးအားလျှောက်ထားသည်။
အမတ်ကြီးသည် ဘုန်းကြီးအား လက်စွပ်မည်သို့ရကြောင်းမီးလျှောက်လီသည်။ ဘုန်းကြီးက တပည့်သူငယ်ရကြောင်းပြောပြသည်။ သူငယ်ကိုမီးရာ ကျီးသိုက်မှရကြောင်း အမတ်ကြီးထံလျှောက်ဆိုသည်။ ကျီးသိုက်ကို သူငယ်ပြ၍သိလတ်လျှင် ညအခါ ကျီးဖိုကျီးမစုံကိုရအောင်ဖမ်း၍ လက်စွပ်တော်နှင့်တူသော လက်စွပ်တကွင်း လုပ်ဆောင်စီသည်။ ထိုလက်စွပ်ကို ကျီးနှုတ်သီး၌ မြဲစွာချဉ်လျှက် နံနက်သောအခါလွှတ်သည်။ ကျီးဖိုကျီးမပျံလားရာသို့ မင်းစေလုလင်များကိုကြည့်စီသည်။ ကျီးဖိုကျီးမရို့သည် စားနီကျဖြစ်သော တရားသူကြီး အိမ်တွင်နားသည်။ တရားသူကြီးမယားသည် ပျောက်လားသောလက်စွပ်ကို ကျီးနှုတ်သီးတွင်ပါလာသည်ဟူလျှက် အုတ်အုတ်ကျက်ကျက်လိုက်ကြ၍ ကျီးကိုဖမ်းကြောင်း အမတ်ကြီးထံ မင်းစေရို့လျှောက်လာသည်။ အမတ်ကြီးသည် တရားသူကြီးလင်မယားကိုခေါ်ယူပြီး မီးမြန်းလတ်သည်။ ကျီးနှုတ်သီး၌ပါလာသောလက်စွပ်ကို သင်ရို့ဇာမှာက ရသနည်းမီးရာ အိမ်မှာစေသောကျွန်ကပီးအပ်၍ ရကြောင်းပြောသည်။ ထိုကျွန်ကိုအပ်စီ၍မီးစစ်ရာ ကြွက်တွင်း တူးရာကရကြောင်းလျှောက်ထားသည်။ ထိုကြွက်တွင်းကိုပြစီ၍သိလတ်သော် ထိုအရပ်၌ လူမပြတ်ချထားစောင့်နီစီပြီး ကြည့်ရှုရန်အခိုင်းထားသည်။
ထိုအခါ အထက်ခိုးသားသည် အဖော်များနှင့်ရီချိုးရန်လာပြန်သည်တွင် သည်အရပ်၌ မိမိလက်စွပ်ချထားရာမှ ပျောက်လားကြောင်း အဖော်များသို့ပြောဆိုသည်။ ထိုစကားကို မင်းစေကြားသိသော် ထိုသူအားခေါ်ယူလားပြီး၊ အမတ်ကြီးထံပီးအပ်သည်။ အမတ်ကြီးက ထိုသူကိုစစ်မီးသည်။ ပျောက်လားသောလက်စွပ်ကို ဇာကရသနည်း။ မှန်ကန်စွာထွက်ဆိုရမည်ပြောလတ်သော် ပန်းတိမ်အိမ်တွင် ခိုးရာမှရသော လက်စွပ်ဖြစ်ကြောင်းလျှောက်ထားသည်။ ထိုပန်းတိမ်ကို ခေါ်ယူ၍မီးရာ သင်္ဘောသားကုလားအပ်သောပစ္စည်းဖြစ်ကြောင်း၊ ကုလားကိုမီးရာ- အသပြာတရာပီး၍၀ယ်ရကြောင်းများကို လျှောက်ထားကြသည်။ အမတ်ကြီးလည်း အကြောင်းစုံသိပြီးဖြစ်သောအခါ ထိုအကြောင်းများကို မင်းကြီးအားလျှောက်ထားလီပြီးမှ အမှုကိုစီရင်ထုံးသော်ကား- လက်စွပ်တော်ရီသို့အကျတွင် မြီလက်မခံ၍ ငါးသိမ်းထားသည်။ ထိုငါးကိုတံငါရသည်။ ထိုတံငါလက်စွပ်ကိုမြင်လျှင် မထားဝံ့၍ မင်းထံဆက်သလာသည်များမှာ မြီပိုင်ရီပိုင်တိုင်းနိုင်ငံအတွင်း၌ဟိသောသူရို့သည် အစိုးရအသျှင့် ကျွန်တစေသာဖြစ်ကြသည်။ လက်စွပ်တော်ကို တံငါဆက်၍ရသည့်နောက်ပိုင်း ထိုလက်စွပ် မင်းလက်သို့မရောက် ပျောက်လတ်သော် တံငါကပီး၍ရသောကြောင့် လက်စွပ်တန်ဘိုးကို တံငါသို့ မင်းကပီးသင့်သည်။ တံငါဆက်လာသည့်နောက် ထိုလက်စွပ်သည် သတ္တ၀ါမျိုးစုံထံရောက်မှ မပျောက်မဆုံး ဆက်သလာရောက်ပြန်ရသည်။ တရားကျမ်းဂန်၌ သူတော်ကောင်းရို့ဥစ္စာကို ရီမှာပစ်လည်းမနစ်။ မီးမှာပစ်လည်းမချစ်- ဟူ၍ဆိုသော ရှိဟောင်းပညာဟိရို့ဆိုသောစကားဟိသည်။ အသျှင်မင်းတရားကြီး ဘိသိက်ခံတော်မူရာ အင်္ဂါပြည့်စုံ တရားစောင့်ထိန်းတော်မူသည်ဖြစ်၍ လူနတ်ကြည်ညိုသောကြောင့် သုံးကြိမ်တိုင်အောင် လက်စွပ်တော်ကို နတ်ရို့ညွှန်ရာ လူလာ၍ပို့ဆက်လာရသည်။
ရဟန်းသော်ကား တရားနှင့်လျှော်သည်ဖြစ်၍ ပစ္စည်းလေးပါးမြဲစီသင့်ပါသည်။ တံငါနှင့်ငှက်ခတ်သမားမှာ ကိုယ်နှင့်မထိုက်သောအရာကို သိတတ်သောသဘောဟိသူဖြစ်၍ မင်းဘဏ္ဍာထိန်းအပ်သော ကျွန်ကောင်းလက္ခဏာဝင်သည်။ တရားသူကြီးမှာ ကြွက်နှင့်တူသည်။ ပန်းတိမ်မှာ စွန်နှင့်တူသည်။ ကုလားမှာ ငါးနှင့်တူသည်။ ခိုးသူမှာ ကျီးနှင့်တူသည်။ ထိုငါးစသောသတ္တ၀ါလေးကောင်ရို့ ဒဏ်ရောက်သည့်နည်းတူ ကုလားစသော လူလေးဦးရို့ မင်းပြစ်သင့်ရာသည်ဟူ၍ စီရင်လတ်သော် နွီကာလစင်ဖြစ်လျှက် မိုးကြီးသည်းထန်စွာ ရွာလီသောကြောင့် မင်းကြီးလည်းအားရတော်မူ၍ ဆင်တော်မူသောလက်ကောက်ကို မဟာပညာကျော်အမတ်သို့ တရားဆုပီးတော်မူ၏။
(မဟာပညာကျော်လျှောက်ထုံး)
--------------
(ရက္ခိတရို့ဆုံရပ်မြီဘလော့မှ)
❆ အမျိုးသီလ နှစ်ဌာနကိုအဓိပ္ပါယ်ဖွင့်ခြင်း❆
အမျိုးသီလ နှစ်ဌါနစွာ ရခိုင်ပြည်ကျလားခါကပင် ကပ်ပါလားခဗျာယ်လို့  ပြောကေ ရခိုင်သားတိ ဇာပြောကတ်ဖို့ လဲချင့်။ အမျိုးသီလ နှစ်ဌါနကို စောင့်ထိန်းကတ်ရဖို့ ဆိုခြင်းရေ ရခိုင်တိုင်းပြည်၏နိုင်ငံရေးမူဝါဒ တစ်ခုဖြစ်ခရေ။ အေချင့်ကို အကျယ်ချဲ့ ပြောရဖို့ ဆိုကေ အမျိုးသီလ ဆိုစွာ ရခိုင်သားတိမှာ ကိုယ့်တိုင်းပြည်နန့် ကိုယ့်လူမျိုးကို ကိုယ်ရို့ ကာကွယ်စောင့်ရှောက်နိုင်ခြင်းနန့်  နိုင်ငံကြီးသားစိတ်ဓါတ်ဟိခြင်းကို နိုင်ငံရေးအရပေါ်လစီချပနာ ဖော်ပြခြင်းပင် ဖြစ်တေ။
အမျိုး (အနီရောင်) ၏ အဓိပ္ပါယ်က အချူပ်အချာအာဏာကိုပိုင်ဆိုင်ရေ စည်းမျဉ်းခံဘုရင့်နိုင်ငံတော်ဖြစ်တေ ကိုယ်ပိုင်နိုင်ငံရေးအာဏာဟိရေ လူမျိုးတမျိုးဖြစ်တေ.. ဒေပိုင်နိုင်ငံရေးသြဇာအာဏာနန့်  ကိုယ့်လူမျိုးလုံခြုံရေးကို
ကိုယ်ရို့ ကာကွယ်နိုင်ရေ ဆိုစွာကို ဖော်ညွှန်းခြင်းပင် ဖြစ်တေ။ ရခိုင်သားက ရခိုင်သမကို ယူခြင်းရေ အမျိုးချစ်တေလို့  ထင်မြင်ယူဆနိန်ကတ်ခြင်းရေ တပိုင်းတစရာ မှန်ရေ အားလုံးမမှန်ပါ။
သီလ (အဖြူရောင်) ၏ အဓိပ္ပါယ်က နိုင်ငံကြီးသားစိတ်ဓါတ်ဟိရေ တရားမျှတရေးတန်းတူရေးငြိမ်းချမ်းရေးလောကပါလတရားကို တန်ဖိုးထားရေ လူသားဝါဒကိုကျင့်သုံးရေ ဆိုစွာကို ဖော်ပြပြခြင်းပင် ဖြစ်တေ။ ဘာသာရေး ရှုထောင့်အမြင်အရ ရခိုင်သားတိုင်း ငါးပါးသီလစောင့်ထိန်းကတ်ရဖို့ လို့  ဆိုလိုခြင်း မဟုတ်ပါ။ လောကီလောကုတ္တရာပေါင်းထားပနာ ရခိုင်ရို့ လူ့ ဘောင် တခုလုံး လိုက်နာနိုင်အောင် ချမှတ်ကျင့်သုံးခရေ နိုင်ငံရေးပေါ်လစီတခု ပင်ဖြစ်ပါရေ။
နိုင်ငံကြီးသားစိတ်ဓါတ်ဆိုစွာ နိုင်ငံကြီးခြင်း ငယ်ခြင်း လူဦးရေ များခြင်းနည်းခြင်းနန့် မဆိုင်ပါ။ အကျင့်နန့် ရာဆိုင်ပါရေ။ လူ လူချင်းတန်ဖိုးထားပနာ လူသားစိတ် ဇာလောက်ကြီးမားလေ ဆိုရေ ပေတံနန့် ရာ တိုင်းတာနိုင်ပါရေ။ ဗမာမှာ နိုင်ငံကြီးသားစိတ်မဟိပါ။ ဗမာသမိုင်းမှာ ညီကိုအရင်း အချင်းချင်းသတ်ကတ်တေ။ အဂုလေ့ ရှမ်းမတိကို မုဒိမ်းကျင့် ကရင်ရွာတိကို မီးတိုက် လူသတ်။ အေချင့်က ဗမာစစ်ခွီးတိမှာ ဒမြစိတ်ဓါတ်ရာ ဟိရေ ဆိုစွာကို ဖော်ပြနိန်ပါရေ။ ဗမာမှာ လူဦးရေ သန်း (၂၀) လောက်ဟိကေလေ့ လူသားစိတ်မဟိ ယိုင်ကျေးမှုမမြင့်မား နိုင်ငံကြီးသားစိတ်မဟိဆိုစွာကို ကမ္ဘာ့အသိုင်းအ၀ိုင်းက လက်ခံထားကတ်တေ။
ဆက်ပြောရဖို့ ဆိုကေ အေနိန့် ကာလမှာ အမျိုးသီလ နှစ်ဌါနကို ရခိုင်သားတိ စောင့်ထိန်းခွင့်မရရေ အခြေအနေမျိုးဆိုက်ရောက်နိန်ရရေ။ ဗမာစစ်ခွီးတိ ချမှတ်နိန်ရေ ဒမြ၀ါဒအောက်မှာ ဗမာစစ်ခွီးတိ မှိုင်းတိုက်ဖြန့် ချီနိန်ရေ ဆီဆွတ်ပေါ်လစီတိအောက်မှာ ရခိုင်သားတိ အမျိုးသီလ နှစ်ဌါနကို ပြည့်ဝမဏ္ဍိုင် မစောင့်ထိန်းနိုင်ရေ အခြေအနေဆိုး ဘ၀ဆိုး အငတ်ဘုံ ပြာပုံမှာတိုးနိန်ရရေ အဆင့်ကိုရောက်နိန်ကတ်ရစွာ အားလုံး
သူရို့ သိကတ်ပါရေ။ ဥပမာတခုပီးရဖို့ ဆိုကေ မွှီးပျံ့ ကြိုင်သင်းရေ ပန်းခြံတခုဆောက်ဖို့  မြီဧက လေးငါးခြောက်ဧကလောက် အနည်းဆုံးလိုအပ်တေ။ မြီမဟိကေ ယင်းပန်းခြံဆောက်လို့ မရ။ ယင်းပိုင်ဗျာယ် အမျိုးသီလ နှစ်ဌါနကို ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းနိုင်ဖို့  ကိုယ်ပိုင်အချူပ်အချာအာဏာနန့်  ကိုယ်ရို့ အုပ်ချူပ်တေတိုင်းပြည်လိုအပ်တေ။
ယင်းအတွက်နန့် 
ကိုယ်ပိုင်အချူပ်အချာ အာဏာပိုင်ခွင့်နန့်  ရခိုင်ရို့ ပြည်ကို ရခိုင်တိ အုပ်ချူပ်ခွင့် ရဟိရေးရေ အဓိက
ဗမာကိုလိုနီစစ်စနစ်ဖျက်သိမ်းရေးနန့်  ဗမာစစ်ခွီးတိကို ရခိုင်ပြည်က မောင်းထုတ်ရေးရေ ပထမ ဖြစ်လာရပါဖို့ ။
ယပြီးခါမှရာ အမျိုးသီလ နှစ်ဌါနကို ပြည့်ဝမဏ္ဍိုင် စောင့်ထိန်းနိုင်ရေ ရခိုင်သားလို့  ကမ္ဘာကြီးအလယ်မှာ လက်မထောင်လာနိုင်ပါဖို့ ။
(စိတ်ကူးခြောက်ပိဿာနန့်  မြောက်ဦးကဘီလူး
ဗြိတိသျှခေတ် ရခိုင်ပြည်ဗုဒ္ဓသာသနာ
ခရစ် ၁၇၈၄ ခုနှစ်မှာ ဗမာဘုရင် ဘိုးတော်မောင်ဝိုင်း၊ ရခိုင်ပြည်ကို သိမ်းပိုက်ရေခါ ရခိုင်ဒေသကို အုပ်ချုပ်ဖို့ ဗမာအများစုပါရေ အုပ်ချုပ်ရေးမှုးတိကို ခန့်အပ်ထားခရေ။ သူရို့စွာ ဘုရင်ဘိုတော်မောင်ဝိုင်း ချမှတ်တေ ပေါ်လစီအတိုင်း အုပ်ချုပ်ခကတ်ရေ၊ ယေဇူးနန့် ချင်းပျံစွာ ကိုယ့်မှာဟိရေအင်အားနန့် အင်္ဂလိပ်၊ အိန္ဒိယနယ် မြီကို ခြီကုတ်ယူပနာ ဘိုးတော်မောင်ဝိုင်းကို တော်လှန်ခပါရေ။ ယင်းပိုင် ချင်းပျံတော်လှန်မှုရေ နောက်ပိုင်းမှာ အင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွါးစီရေ အဓိကအကြောင်းတရားတိကို ပေါ်ပေါက်စီခပါရေ။ ယင်းပိုင်နန့် ၁၈၂၄ မှာ အင်္ဂလိပ်-မြန်မာ ပထမစစ်ဖြစ်တေ ၁၈၂၃ မှာ နယ်စပ်နတ်မြစ်ဝက သျှင်မဖြူကျွန်းကို ဗမာတိက ၀င်တိုက်ကတ်တေ။ ၁၈၂၄ ခုနှစ်၊ ဖေဖ၀ါရီ ၂၄ ရက်နိ့မှာ ဗမာနန့် အင်္ဂလိပ်ရို့ ရန္တဗိုလ်စာချုပ်ကို ချုပ်ဆိုကတ်ခ ကတ်တေ။
စာချုပ်အရဆိုကေ ဗမာတိ ပင်လယ်ရီကြောင်းဆက်သွယ်ဖို့ ရန်ကုန်၊ ပုသိမ်နန့် မုတ္တမရို့ရာ ကျန်ဟိခရေ။
ဘိုးတော်မောင်ဝိုင်းသိမ်းထားခရေ ရခိုင်ပြည်စွာ ရန္တဗိုလ်စာချုပ်အရ ဗြိတိသျှအစိုးရပိုင် ပြည်နယ်တစ်ခုအနီနန့် ၁၈၂၆ ခုထိ ကြာမြင့်ခရေ။ ရခိုင်နန့် တနင်္သာရီကို အစက အင်္ဂလိပ်ရို့အုပ်ချုပ်ခစွာ သီးခြားစီပါရာ ၁၈၂၉ ခုထိ အိန္ဒိယဘုရင်ခံက အုပ်ချုပ်ရေ၊ အင်္ဂလိပ်တိစွာ ၁၈၂၆ ခုနှစ်မှာ စစ်တွေမြို့ကို တည်ခရေ၊ ယင်းအခါ ရခိုင်ကို စစ်တစ်ကောင်း ကော်မယှိန်နာမင်းကြီးက ဒါရိုက်အုပ်ချုပ်ရေ။ ရခိုင်သားတိ ထဲက ပထမဆုံး ကြီးကြပ်အုပ်ချုပ်တေလူတိက ဦးအောင်ကျော်ဇံနန့် ဒေးဝန်းကြီး အောင်ကျော်ရွှီရို့ပါ၊ အင်္ဂလိပ်လက်အောက်မှာ ရခိုင်ပြည်ကို အုပ်ချုပ်ရေးနယ်မြီတစ်ခုတည်းအဖြစ် ပြန်ပနာစုစည်းခပါရေ။ ယေပြီးကေ နယ်မြီခွဲချေ ၁၆၀ ခွဲလို့ အုပ်ချုပ်တေ၊ ယင်းအထဲမှာ ၁၄၀ စွာ ကျွန်းနယ်မြီချေတိ၊ ၁၂ နယ်က တော့ခါ ကုန်းပိုင်နယ်မြီတိဖြစ်တေ။ ယင်းနယ်မြီချေတိကို အုပ်ချုပ်တေ ပုဂ္ဂိုလ်တိကို ‘ကျွန်းအုပ်’ ‘ချောင်းအုပ်’ လို့ ခေါ်ကတ်တေ။ သူရို့တိတာဝန်ကတော့ခါ အခွန်ကောက်ပီးရဖို့၊ ရာဇ၀တ်မှုနှိမ်နှင်းရေ ပုလိပ်တိကို ကူညီဖို့၊ သူရို့ကောက်လို့ရရေအခွန်တော်က ၁၅ ရာခိုင်နှုန်းစီ ခံစားခွင့်ရကတ်တေ။ အုပ်ချုပ်ရေး နယ်မြီတစ်ခုမှာ ၃ ရွာက ၅ ရွာထိ၊ တစ်ချို့နယ်တိဆိုကေ ၁၅ ရွာက ရွာ ၂၀ ထိပါဝင်ရေ။ အင်္ဂလိပ်တိအုပ် ချုပ်ရေးချပနာ အခွန်တိစည်းကြပ် ကောက်ခံလာလို့ မခံမရပ်နိုင်အောင် ဖြစ်လာရေအခါ အင်္ဂလိပ်တိ ရက်စက်မှုတိကို တွိမြင်လာကတ်ရပါရေ။ ရခိုင်ဗုဒ္ဓဘာသာရဟန်း သံဃာတိစွာ နယ်ချဲ့အစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်လှုပ်ယှားခကတ်တေ။ သူရို့ရည်ရွယ်ချက်ကတော့ခါ ရခိုင်ကို လွတ်လပ်တေ ဗုဒ္ဓဘာသာနိုင်ငံ တည်ဆောက်ဖို့ပါ၊ ရခိုင်ရဟန်းတိက အမျိုးသားလွတ်မြောက်ရေး လှုပ်ယှားမှုအတွက် တပ်လှန့်လာကတ် တေ။ လှုပ်ယှားမှုဖြစ်လာရေအခါလေ့သော့ ရဟန်းတိပါဝင်ရေ အမျိုးသားဂေါင်းဆောင်တိက ဦးဆောင်ခ ကတ်တေ။
၁၈၂၇ ခုနှစ်၊ ရခိုင်အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးကို မင်းသားကြီးရွှေဘန်း၊ ဒေးဝန်ကြီး အော်ကျော်ရွှီနန့် မြို့သူကြီး အောင်ကျော်ဇံရို့ ဂေါင်းဆောင်ခကတ်ရေ။ နယ်ချဲ့အင်္ဂလိပ်ရို့က အပြင်းအထန် နှိမ်နှင်းပနာ သူရို့ကိုဖမ်းဆီးလိုက်ကတ်လိုက်တေ။ သူရို့ကို ကာလကတ္တားထောင်သို့ပို့ပနာ စိတ်ဓါတ်ပြောင်း လဲအောင် နည်းအမျိုးမျိုးနန့် နှိပ်စက်ခရေ။ မင်းသားကြီးရွှေဘန်းကို ဒက္ကားထောင်မှာ ချုပ်ထားခရေ။ ၄၁ ရက်ကြာ အစာငတ်ခံ ဆန္ဒပြပြီးကေ ထောင်ထဲမှာပင် အသက်ဆုံးလာခရေ။ သူစွာရခိုင်သားတိကို သင်ခန်း စာကောင်းကောင်းပီးထားခရေ၊ သူမသီခင်မှာ လက်မောင်းသွီးးကိုဖောက်လို့ အုပ်ထရံမှာ လွတ်မြောက်ရေး လမ်းညွှန်ချက်ကဗျာစာပုဒ်ကို ရီးထားခရေ။ ၁၈၃၁ ခုနှစ်မျာ ကျိန္တလီမှာရဟန်းတိက ဦးဆောင်ပြီးကေ လူထု ကိုစည်းရုံးပနာ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ယှားမှု စတင်လှုပ်ယှားခကတ်တေ။ ၁၈၅၃ ခုမှာ လေးမြို့သူကြီး ချစ်စံဝေ ဂေါင်းဆောင်ပနာ နယ်ချဲ့ဆန့်ကျင်ရေးလုပ်ခလို့ အင်္ဂလိပ်တိက သူ့ကိုဖမ်းပြီးကေ ထောင်ထဲသို့ ထည့်ထားလိုက်တေ။ ယေဒါလေ့ နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ယှားမှုတိ အယှိန်အဟုန်မပျက်ခပါ။
နယ်ချဲ့ရို့စွာ ရခိုင်ရို့၏ လွတ်လပ်တေ ဗုဒ္ဓဘာသာတည်ထောင်ရေး မျှော်မှန်းချက်ကို အာရုံလွှဲဖို့ ကြိုး စားခသိရေ။ မြန်မာနိုင်ငံအထက်ပိုင်းဒေသနန့် ဗြိတိသျှရို့အုပ်ချုပ်တေ ရခိုင်ပြည်မှာ ဗုဒ္ဓဘာသာနန့် ပတ်သတ်လို့ ရှိဟောင်းအစဉ်အလာတိကို ပြန်လည်ဖော်ထုတ်ခကတ်တေ။ ဗြိတိသျှရို့ ရခိုင်ပြည်မှာ ဘုန်းကြီးကျောင်းပညာရေးစနစ်ကို ထူထောင်ခပြီးကေ၊ ရဟန်းတော်အသျှင် သာရမေဓါကို ‘သာရမေဓါ လင်္ကာရာဘိတိ သာသနဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု’ ဘွဲ့တံဆိပ်ကို ၁၈၄၆ ခုနှစ်ဆက်ကပ်ခရေ။ မြောက်ဦး ခေတ်အခါကဆိုကေ သက်တော်ဝါတော်ကြီး ပညာတက်ရဟန်းတော်တစ်ပါးကို ရခိုင်ဘုရင်ရို့က ‘သံဃ ရာဇာ’ ဘွဲ့ ဆက်ကပ်ခလေ့ယှိပါရေ။ ယင်းရဟန်းတော်စွာ မင်းသားဖြစ်လာပြီးကေ သံဃာအကြီးအကဲလည်း ဖြစ်တေ။ မင်းဆရာစွာ “ရာဇာဂုရု” ဘွဲ့နန့် “သံဃရာဇာ” ဘွဲ့ကိုလည်း ရဟိရေ။ ဗြိတိသျှရို့က အသျှင်သာရ မေဓာကို သံဃရာဇာဘွဲ့ ဆက်ကပ်လိုက်တေအခါ သူ့ဆောင်ရွက်ချက်တိစွာ ရခိုင်ပြည်ဗုဒ္ဓသာသနာသမိုင်း ၀င်အဖြစ်အပျက်တိ ဖြစ်လာပါရေ။ ၁၈၅၆ ခုနှစ် အသျှင်သာရမေဓာ စစ်တစ်ကောင်းသို့ ကြွရေခါ စစ်တစ် ကောင်းဒေသမှာ ဗုဒ္ဓသာသနာအရောင်မှေးမှိန်နီစွာကို တွိရပါရေ။ စစ်တစ်ကောင်နန့် စစ်တစ်ကောင်းဒေသ ရို့မှာ ထေရ၀ါဒဗုဒ္ဓသာသနာပြန်လည်ထွန်းကားလာဖို့အတွက် လိုအပ်ချက်တိ ဆောင်ရွက်တော်မူနိုင်ခရေ အပြင်၊ စစ်တစ်ကောင်းဒေသနန့် မဟာမုနိရွာရို့မှာ ထေရ၀ါဒဗုဒ္ဓသာသနာစာပီသင်ကြားရေး ဗဟိုဌာနတိကို ထူထောင်နိုင်ခရေ။
မြန်မာပြည်မှာ မင်းတုန်းမင်းကို ကုန်းဘောင်မင်းဆက်မှာ ဗုဒ္ဓဘာသာမင်းကောင်းမင်းမြတ် တစ်ပါး အဖြစ် သတ်မှတ်ကပ်တေ။ မင်းတုန်းမင်းစွာ မန္တလေးမှာ ပဉ္စမသံဃယနာတင်ပွဲကို ကျင်းပရေအခါ ရခိုင် ပြည်က ရဟန်းတော်အများအပြား ပင့်ဖိတ်ခရေ။ ဗြိတိသျှအစိုးရက ယင်းသံဃာယနာပွဲသို့ အသျှင်သာရ မေဓာ ဦးဆောင်ရေအဖွဲ့ကို စေလွှတ်ခရေ။ မင်းတုန်းမင်းစွာ အသျှင်သာရမေဓါကို ‘သာရမေဓါဘိတိ သာသနဓဇ မဟာဓမ္မရာဓိရာဇဂုရု’ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ချီးမြှင့်ခရေ။ ပဉ္စမသံဃာယနာပွဲပြီးရေခါ ၁၈၇၁ ခုနှစ်မှာ မင်းတုန်းမင်းစွာ ပိဋကတ်သုံးပုံကို ကျောက်ချပ် ၇၃၉ ချပ်မှာ ရီးထိုးပနာ မန္တလေးကုသိုလ် တော်ဘုရားအပါးမှာ စိုက်ထူထားခရေ။
အသျှင်သာရမေဓာစွာ ပြန်ရောက်လာရေအခါ စာပီသင်ကြားပို့ချခရေ၊ ရခိုင်မှာ ရခိုင်ရဟန်းတော်ရို့ တာဝန်က ဘုန်းတော်ကြီးကျောင်းတိမှာ စာပီပို့ချဖို့ပါ။ ဘုန်းကြီးကျောင်းပညာသင်ကြားရေးစနစ်စွာ အစဉ်အ လာဘာသာရပ်တိနန့် ကန့်သတ်ထားရေစနစ်ပါ။ ရခိုင်ပြည်နယ်မှာ ဗြိတိသျှအစိုးရက ခရစ်ယန်သာသနာပြု အဖွဲ့တိ၊ အစိုးရကျောင်းတိဖွင့်လှစ်ရေအခါ အစဉ်အလာသင်ကြားလာရေလူတိအဖို့ ယင်းကျောင်းတိမှာ တက်ရောက်သင်ကြားဖို့ အခက်အခဲနန့်တွိရရေ။ ဇာဖြစ်လို့ဆိုကေ သူရို့တိမှာက သိပ္ပံနန့်တစ်ခြားခေတ်ပေါ် ပညာရပ်တိအတွက် အခြီခံမယှိလို့ပါ။
ဗြိတိသျှအစိုးရစွာ နှစ်စဉ်နှစ်တိုင်း ပါဠိစာပြန်ပွဲနန့် ဘုန်းတော်ကြီးကျောင်း ပညာသင်ကြားမှုကို စစ်ဆေးခပါရေ။ ၁၉၂၇ ခုနှစ် စာရင်းအရ ပြောရကေ စစ်တွေခရိုင်မှာ ဘုန်းတော်ကြီးကျောင်း ၂၈၇ ကျောင်း၊ စာသင်သားရဟန်း ၅၃၅ ပါး၊ သာမဏေ ၂၈၄ ပါး၊ ဘုန်းကြီးကျောင်းမှာ စာသင်ရေကျောင်းသား ၂၆၅၁ ဦးလို့ တွိရရေ။ အစဉ်အလာပညာရေးဖြစ်တေအတွက်နန့် ရခိုင်ဘာသာစကား၊ ဗမာဘာသာရို့နန့်ရာ သင်ကြားရရေ။ ရခိုင်ပြည်က ရွာတိုင်းရွာတိုင်းမှာ ဘုန်းကြီးကျောင်းတိဟိကတ်ရေ။ မြို့တိမှာလေ့ ဗုဒ္ဓစာပီ သင်ကြားမှုနန့် သာသနိကအဆောက်အဦးတိကို အေနိ့တိုင်တွိမြင်နိုင်ရေ။ အေယှင့်စွာ ဘာသာရေးလှုပ် ယှားမှုနန့်ပတ်သတ်လို့ မှတ်သားလောက်တေ အသွင်အပြင်တိပါ။ ရှိအခါကပင် ဒေနိ့ထက်တိုင်အောင် ရခိုင် ပြည်မှာ ရဟန်းသံဃာတိစော် လူမှုရေး၊ ယဉ်ကျေးမှုနယ်တိမှာ ပါဝင်ဆောင်ရွက်ခကတ်တေ။ စာသင် ကျောင်းတိဆောက်ပနာ အစဉ်အလာရိုးရာပညာရေးနန့် ဗုဒ္ဓတရားတော်ရို့ကို သင်ကြားပို့ချခကတ်တေ။
၁၉ ရာစုအကုန်ပိုင်းကာလမှာ ရခိုင်ပြည်နန့် မြန်မာပြည်ရို့မှာ ဗုဒ္ဓသာသနာလောကအတွင်း မှတ်သား လောက်တေ အဖြစ်အပျက်တိ ဖြစ်ပျက်ခပါရေ။ အေကာလမာ ရဟန်းတစ်ချို့က သာသနာရေး လုပ်ငန်းတိကိုရာ ဆောင်ရွက်နိန်ခကတ်ကေလေ။ ရဟန်းအများစွာ ရာစုနှစ် ထက်ဝက်လောက်ထိ နယ်ချဲ့တော်လှန် ရေး လုပ်ငန်းတိမှာ ပါဝင်လှုပ်ရှား ခကတ်ပါရေ။ နယ်ချဲ့တော်လှန်ရေး တိုက်ပွဲတိစွာ အေကာလအပြန်လို့ အသက်ဝင် လှုပ်ရှားလာပါရေ။ သက္ကရာဇ် ၁၉၀၀ မတိုင်ခင်နန့် ယင်းကာလ နောက် ပိုင်းမာ ရခိုင်ပြည်အနှံ့မာ ဘာသာယဉ် ကျေးမှုအဖွဲ့အစည်းတိ အများအပြားပင်ဖွဲ့စည်းခကတ်တေ။ စစ်တွေမြို့မှာ ဗုဒ္ဓဘာသာ ကလျာ ဏယုဝ အသင်းကို စလို့ဖွဲ့စည်းစွာ ၁၉၀၂ ခုနှစ်ကပါ အေ၀ိုင်အမ်ဘီအေ အဖွဲ့စွာ မြန်မာနိုင်ငံမာ ပထမဆုံး ဖွဲ့စည်းစွာပါ။ ရန်ကုန်မြို့မာတော့ခါ ၁၉၀၆ခုနှစ်မာ ဖွဲ့စည်းခပါရေ။ ရခိုင် ပြည်မှာ အေကလအတွင်း တခြား အမျိုးသားရေးနန့် ဘာသာရေးအသင်း အဖွဲ့တိကိုလေ့ ဖွဲ့ခကတ်ပါရေ။ အေအသင်းအဖွဲ့တိကို ရခိုင်လူငယ် ပညာတတ်တိက ဦးဆောင်ပနာ ရခိုင်ပြည် လူမှုရေး၊ ပညာရေးနန့် ယဉ်ကျေးမှုရို့ကို မြှင့်တင်ဖို့ ရည်ရွယ်ချက် ထားယှိခကတ်တေ။ နောက်ကျရေခါ ဘာသာရေး အသင်း အဖွဲ့တိက ပုဂ္ဂိုလ်တိစွာ လွတ်လပ်ရေးတိုက်ပွဲတိမှာပါဝင် ခကတ်ပါရေ။ ကင်းဗရစ်တက္ကသိုလ် ကျောင်းဆင်း ရခိုင်အမျိုးသား ဦးမေအောင်ဆိုကေ ဗြိတိသျှအစိုးရက သူရဲကောင်းအဖြစ် မှတ်တမ်းတင်ခံရရေ လူဖြစ်ပါရေ။ ယင်းပိုင်ဖွဲ့စည်းခရေ အဖွဲ့အစည်းတိစွာ ၁၉၁၀ ခုနောက်ပိုင်းမာ နိုင်ငံရေးနယ်ထဲသို့ ၀င်ရောက် လှုပ်ယှားခကတ်ပါရေ။
ရခိုင်အမျိုးသား တက္ကသိုလ် ကျောင်းသား ဦးဘဦးဆိုကေ ၁၉၂၀ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားသပိတ်ကို ခေါင်းဆောင်ခရေ လူဖြစ်ပါရေ။ ယင်းသပိတ်ကို ပြည်သူတစ်ရပ်လုံးနန့် ရဟန်း သံဃာတိက အားပီးထောက်ခံခကတ်တေ။ ကျေးလက်တောရွာတိက ဘုန်းတော်ကြီးတိကလေ ကျေးရွာ လူထုကို စည်းရုံးပနာ ကျောင်းသားသပိတ်ကို ထောက်ခံခကတ်ပါရေ။ ယင်းအထဲ မြန်မာပြည်သူတိကို နိုင်ငံရေး မျက်စိဖွင့်ပီး ခရေပထမဆုံး ပုဂ္ဂိုလ်ကတော့ ဆရာတော်ဦးဥတ္တမဖြစ်ရေ။ ၁၉၂၁ ခုနှစ်မာ ဆရာ တော်ရေ အိန္ဒိယက ရခိုင်ပြည်သို့ ပြန်လာလတ်တေ။ ဆရာတော် အိန္ဒိယမာ ယှိနိန်ရေအခါ “ဘာရတ် မဟာဘာသာ”အဖွဲ့ မှာ အဖွဲ့ဝင်ဖြစ်ပြီးကေ အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီမာ လက်ဝဲဂိုဏ်းအဖွဲ့ဝင်ပါ။ ဆရာတော်ကို ၁၈၉၇ ခုမာ စစ်တွေမြို့မှာ မွီးဖွားခ ပြီးကေ အီဂျစ်၊ ပြင်သစ်၊ ဥရောပနန့် အရှိတောင် အာရှနိုင်ငံရို့ကို လှည့်လည်ခဖူးပါရေ။ ဂျပန်နိုင်ငံ၊ တိုကျို အိုတာနီ အကယ်ဒမီ သိပ္ပံမာ ပါမေက္ခအဖြစ် ၂ နှစ်တာဝန်ထမ်းဆောင် ဖူးခပါရေ။ ဆရာတော် စွာ မြန်မာနိုင်ငံကို ပြန်လို့ရောက်စွာနန့် ကိုယ်ပိုင်အုပ်ချုပ်ရေး လိုအပ်ချက်တိကို နိုင်ငံအနှံ့လှည့်လို့ တရားဟော ပါရေ။ ရဟန်းတိအနေနှင့် ဗုဒ္ဓသာသနာကို ကာကွယ်ဖို့ ကျောင်းတိကိုခွါလို့ အမျိုးသားရေး လှုပ်ရှားမှုတိမာ ပါဝင်ဖို့ လှုံ့ဆော်ခရေ။ မြန်မာပြည်ကို လှည့်လို့ လူထုဟောပြောပွဲတိမာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ နည်းလမ်း တိကို ဟောပြောခရေ။
၁၉၂၁ ခုနှစ်မာ ပုသိမ်ခရိုင် ကျောင်းကုန်းလူထုစည်းဝေးပွဲမာ နယ်ချဲ့ဆန့်ကျင်ရေး တရားဟောမှု ကြောင့် ဦးဥတ္တမကို နယ်ချဲ့အစိုးရက ဖမ်းဆီးပါရေ။ နယ်ချဲ့အစိုးရက ပုန်ကန် ထကြွအောင် သွီးထိုး လှုံ့ဆော်မှုနန့် စွပ်စွဲပနာ ထောင် ၁၀ လချလိုက်တေ။ ဆရာတော် ဦးဥတ္တမစွာ လူထုထောက်ခံမှုကို အကြီး အကျယ် ရဟိလာပါရေ။ ၁၉၂၁ခု ဂျူလိုင်လ ၅ရက် လူထုစွာ တမျိုးသားလုံး သပိတ်တိုက်ပွဲဝင်ရေ အနီနန့် ရန်ကုန်နန့် တခြားမြို့တိမာရှိရေ ဈီးဆိုင်တိကို အားလုံး ပိတ်လိုက်တေ။ ယေပြီးနာ ဘုန်းတော်ကြီးကျောင်း တိကို လားပနာ ရှစ်ပါးသီလ ခံယူကတ်ပြီး ဆရာတော်ဦးဥတ္တမ ပြန်လည် လွတ်မြောက်ဖို့အတွက် ဆု တောင်း ပတ္တနာပြုကတ်ပါရေ။ ၁၉၂၂ ခုနစ်မာ ဆရာတော် ပြန်လို့လွတ်လာပနာ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းတိကို အရှိအဟုန်မြှင့်လို့ လုပ်ဆောင်ပါရေ။ ၁၉၂၂ ခုနှစ်မာ ရခိုင်ရဟန်းသံဃာတိစွာ “ရခိုင်သံဃာ သမဂ္ဂီ” ကိုဖွဲ့စည်း ပါရေ။ အေအဖွဲ့မာ ကျေးလက်လူထုကို စည်းရုံးပနာ လွတ်လပ်ရေးအတွက် ထွက်ရပ် လမ်းမာ ပဓာနကျရေ အခန်းကဏ္ဍက ပါဝင်လှုပ်ရှားခပါရေ။ အေအဖွဲ့ရေ ခေတ်ပေါ် အမျိုးသားအတွေး အမြင်တိ တိုးတက်ရေး အတွက် ဆောင်ရွက်ခရေပိုင်၊ တိုက်ပွဲဝင်ခပါရေ။ ဆရာတော် ဦးဥတ္တမ စစ်တွေမြို့ မာ နယ်ချဲ့ဆန့်ကျင်ရေး တိုက်ပွဲ ဆင်နွဲရေအခါ ဘာသာရေးအသင်းအဖွဲ့တိက အင်အားပြည့် ထောက်ခံပြီး ကေ ရခိုင်ပြည်နန့် ဗမာပြည်မာ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတိအတွက် ကူညီခကတ်တေ။ ၁၉၂၄ခုနှစ်မာ ဆရာတော်ဦးဥတ္တမစွာ မန္တလေးမြို့မှာ အဖမ်းခံရပနာ ထောင်သုံးနှစ် ချခံရပြန်ပါရေ။ ဆရာတော် ဦးဥတ္တမ ရေ ပြည်သူလူထုကို ကိုလိုနီထမ်းပိုးအောက်က လွတ်မြောက်မှုအတွက် တော်လှန်ရေးအသိတိကိုပီးခပါ ရေ။ သူ့လှုပ်ယှားဆောင်ရွက်မှုကို ပြည်သူ လူထုက အင်နန့်အားနန့် ထောက်ခံ လိုက်နာခကတ်ပါရေ။
နှစ်အနည်းသျှေ အတွင်းမာပင် ရခိုင်ဗုဒ္ဓဘာသာ ရဟန်းတိစွာ ရခိုင်လူ့အဖွဲ့အစည်း အခြေမြင့်မားဖို့ ကိစ္စတိမာ ဦးဆောင်ပါဝင်ခကတ်တေ။ ယေဒါလည်း သူရို့အမျိုးသားခံစားမှုစွာ တရွိရွိနန့် နိုင်ငံရေးလှုံ့ဆော် မှုအသွင်ကို ဆောင်လာပါရေ။ ဗုဒ္ဓဘာသာ ရဟန်းတိနန့် ကျောင်းသားခေါင်းဆောင်ရို့ အမျိုးသားရေး စိတ် ဓါတ် မြှင့်တင်ဖို့ အမျိုးးသားကျောင်းတိကို ထောင်လာကတ်ရေ။ ရခိုင်အမျိုးသမီး ဒေါ်မြစိန်စွာ ထင်ရှားရေ ကျောင်းသားခေါင်း ဆောင်တစ်ဦးပါ။ ဂျနီဗာ ကမ္ဘာ့အမျိုးသမီးကွန်ဖရင့်ကို တက်ရောက်ခရေ တစ်ဦးတည်း သော အာရှကိုယ်စားလှယ်ပါ။ ဗမာပြည်သို့ ပြန်လည်လာရေခါ လန်ဒန်ကို ၀င်ရောက်ခပြီးကေ ဗမာပြည် ဖြစ်နိန်ရေ နိုင်ငံရေး တိုးတက်မှုတိနန့် အမျိုးသားရေးလှုပ်ရှားမှုတိကို ဗြိတိသျှအစိုးရကို တင်ပြပါရေ။
ဒေါ်မြ စိန် ကြိုးပန်းမှုတိစွာ ဗြိတိသျှအစိုးရက ဗမာပြည်ကိုယ်စားလှယ်တိကို ခေါ်ယူဆွေးနွေးရရေ အထိ အကျိုးသက်ရောက်မှုယှခပါရေ။ လန်ဒန်မာ ကျင်းပရေ စားပွဲဝိုင်းဆွေးနွေးပွဲမာ ဗမာပြည်ဒိုင်အာခီ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲဖို့ အခြေခံအချက်တိကို ညှိနှိုင်းတွက်ဆ ခကတ်ပါရေ။ ဗမာပြည် ကိုယ်စား လှယ်တိအတွက် လိုအပ်တေ အကူအညီတိကို လန်ဒန်မာ ဒေါ်မြစိန်က အကူအညီပီးခပါရေ။ အေဆွေး နွေးပွဲမာ ဒေါက်ဒါဘမော်က အိန္ဒိဖက်ဒရယ်မူအတိုင်း တွဲရေးကို ထောက်ခံပနာ ဦးဘဖေကတော့ အိန္ဒိယနန့် သီးခြားခွဲထွက်ရေးကို တင်ပြခပါရေ။ အေစားပွဲဝိုင်း အစည်းအဝေးက ဗမာပြည်ကို အိန္ဒိယက ခွဲထုတ်ပနာ သီးခြားအုပ်ချုပ်ပုံစနစ်နန့် အုပ်ချုပ်ဖို့ ဆုံးဖြတ်ပါရေ။ ယင်းအတွက်နန့် ဗမာပြည် အုပ်ချုပ်ရေးအတွက် အစိုးရအဖွဲ့ကို ဗြိတိသျှပါလီမာန်က တိုက်ရိုက်ရွီးချယ် ဖွဲ့စည်းခပါရေ။
မြန်မာပြည်စွာ ဗြိတိသျှပါလီမာန်က တိုက်ရိုက်အုပ်ချုပ်ရေပြည်ဖြစ်လာရေခါ၊ အမျိုးသားရေးဝါဒီ ရခိုင်ခေါင်း ဆောင်ရို့စွာ ရခိုင်ပါတီကို ဖွဲ့စည်းပနာ လွတ်လပ်ရေး ရပိုင်ခွင့်ကို တောင်းဆိုခပါရေ။ ရခိုင်ပြည် စီးပွါးရေး၊ လူမှုရေး ပညာရေး လမ်းပန်းဆက်သွယ်ရေးရို့ ခေတ်နောက်ကျနိန်စွာတိကို ဗြိတိသျှပါလီမာန်သို့ တင်ပြခကတ် တေ။ ရခိုင်အမျိုးသားပါတီကို ဦးရွှေသာနန့် ဆာထွန်းအောင်ကျော်ရို့ ဦးဆောင်ခကတ်ပါရေ။ ရခိုင်ပြည်မာ နိုင်ငံရေးပါတီတိနန့် ဘာသာရေး အသင်းအဖွဲ့တိ တိုးတက်ဖွဲ့စည်းလာရေအတွက် ဗုဒ္ဓဘာသာ အသင်းအဖွဲ့တိက ရဟန်းပျိုတိစွာ အမျိုးသားရေးအသင်းအဖွဲ့တိနန့် ပူးပေါင်းပနာ နိုင်ငံရေးလှုပ်ရှားမှုတိကို ဦးဆောင်လာကတ်ပါ ရေ။ ရခိုင်ပြည်ကို ဗြိတိသျှအင်ပါယာက အုပ်ချုပ်လာရေ နှစ်ပေါင်း ၁၁၃နှစ်မပြည့်မီ အချိန်မာပင် ရခိုင်ရဟန်းသံဃာရို့၊ ဗြိတိသျှရို့အုပ်ချုပ်အမှုစနစ်ကို နားလည်ခကတ်ဗျာယ်။ ရခိုင်ပြည်မာ ဆရာတော် ဦးနာရဒစွာ နယ်ချဲ့ ဆန့်ကျင်ရေး တိုက်ပွဲဝင်ခရေ ရဟန်းတစ်ပါးပါ။ ဆရာတော်ဟာ ဗုဒ္ဓဘာသာ တရားတော်ကို ဟောကြားယင်းပင် လူထုကို စည်းရုံးပနာ နယ်ချဲ့တော်လှန်ရေးစိတ်ဓါတ်တိကို မြှင့်တင် ပီးခရေ။ ဆရာတော်၏ လှုံ့ဆော်စည်းရုံးမှု ကြောင့် ရခိုင်သားရို့ နှလုံးအိမ်ထဲမာ ဗြိတိသျှကိုလိုနီ လက် အောက်ခံဘ၀က လွတ်မြောက်လိုမှု အမျိုးသားရေး စိတ်ဓါတ် တိုးတက်မြှင့်မားခပါရေ။
၁၉၃၉ခု မေလ ၂ ရက်နန့် ၃ ရက်မာ ရခိုင်အမျိုးသားကွန်ဖရင့်ကို မင်းပြားမြို့မာ ကျင်းပခပါရေ။ ဆရာတော် ဦးပညာသီဟနန့် ပြင်ယောင်းဆရာတော်ရို့ ဦးဆောင်ကျင်းပခစွာပါ။ ယင်းကွန်ဖရင့်က ဦးအောင်ထွန်းဦးကို ပါတီဥက္ကဋ္ဌမြှောက်ပြီးကေ၊ ကွန်ဖရင့်က ပါတီလုပ်ငန်း ကော်မတီကို ရွီးချယ်ဖွဲ့စည်းခပါ ရေ။ အေကွန်ဖရင့်က နယ်ချဲ့ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ လယ်သမားလူတန်းစား ဘ၀မြှင့်တင်ရေး၊ လူမှုရေး၊ စီးပွါးရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဗမာပြည်တော်လှန်ရေး အင်အားစုတိနန့် ဆက်သွယ်ရေး ကိစ္စ္ဂရို့ကို ဆွေးနွေး ဆုံးဖြတ်ခပါရေ။
၁၉၄၀ မှာတော့ခါ ရခိုင်အမျိုးသားကွန်ဖရင့်ကို ပေါက်တောမြို့မာ ကျင်းပပါရေ။ အေကွန်ဖရန့်စ် ရလာဒ်ကတော့ ရခိုင်အမျိုးသားအစည်းအရုံးနန့် ရခိုင်ကွန်ဂရက်အသင်းရို့ ပေါင်းစည်းလာခြင်းပါ။ ကွန်ဖရန့် က ပါတီဥက္ကဋ္ဌအဖြစ် ဦးသာဇံလှကို ရွီးချယ်ပြီး ဦးအောင်ထွန်းဦးကို ဒု-ဥက္ကဋ္ဌအဖြစ် ရွီးချယ်ခပါရေ။ မြန်မာ ပြည် ကိုယ်စားလည်တိ အနိန်နန့် သခင်စိုးနန့် သခင်သောင်းရို့ တက်ရောက်လာကတ်တေ။ သခင်စိုးက နယ်ချဲ့ဆန့်ကျင်ရေး သဘောထားတိကို သဘောထားတိကို ပြောကြားပါရေ။
တတိယအကြိမ် ရခိုင်အမျိုးသားကွန်ဖရင့်ကို ကျောက်တော်မြို့မှာ ၁၉၄၁ ခုနှစ်က ကျင်းပခပါရေ။ ဦးဘ၀င်းနန့် ဒေါ်မြစိန်ရို့ ပါလီမာန်ကိုယ်စားလည်အဖြစ် တက်ရောက်ခတေ။ အေကွန်ဖရင့်စွာ မြန်မာပြည် မာ နယ်ချဲ့ဆန့် ကျင်ရေးစိတ်ဓါတ် ပိုလို့ခိုင်မာစီခရေ။ ယေပြီးကေ နိုင်ငံရေးပါတီတိ စုစည်းပါဝင်လာပြီးကေ နယ်ချဲ့ဆန့်ကျင်ရေ အမျိုးသားလှုပ်ယှားမှုတိ ပိုမြင့်မားလာစွာက ဒေကွန်ဖရန့်စ်ရလာဒ်ပါ။ ဒေကွန်ဖရန့်စ်ကို ကျင်းပချိန်မှာ ကျောက်တော်မှာ ဦးကျော်ဦးကို အင်္ဂလိပ်ရို့ဖမ်းပြီးကေ အိန္ဒိယသို့ ပို့လိုက်တေ။ ကွန်ဖရန့်စ် ကျင်းပပြီးရေနောက်မှာ ရခိုင်ကွန်ဂရက်စ်ဂေါင်းဆောင်တိ တစ်ယောက်ပြီးတစ်ယောက် အဖမ်ခံရပြီး ကိုမီလာထောင်သို့ပို့ပနာ ထိန်းသိမ်း ထားစွာ ဒုတိယကမ္ဘာစစ်ပြီးရေအချိန်ထိ။
နယ်ချဲ့အစိုးရလုပ်ဆောင်ချက်တိကြောင့် ရခိုင်ဗုဒ္ဓဘာသာရဟန်းတော်တိ တော်လှန်ရေး လုပ်ငန်း တိကို တစ်ဆင့် တိုးလို့ လုပ်ဆောင်ခကတ်တေ။ တစ်ချို့နိုင်ငံရေးနယ်ပယ်ထဲဝင်ပြီး လှုပ်ယှားလာကတ် တေပိုင် တစ်ချို့ကလည်း ပြင်းထန်ရေနိုင်ငံရေးတိုက်ပွဲတိကို ၀င်လို့ဆင်နွဲ့လာကတ်တေ။ တစ်ချို့ကတော့ခါ သာရေးနာရေးကိစ္စတိကို ဆောင်ရွတ်ကတ်တေ။ ယပိုင်နန့် ရခိုင်ပြည်မှာ အမျိုးသားရေးဝါဒ အမြစ်တွယ် လာခရေ၊ ဂေါင်းဆောင်တိစွာ မြီအောက်တော်လှန်ရေး လှုပ်ယှားမှုတိအတွက် ဘာသာရေး အသင်းအဖွဲ့ တိကို ခြီကုတ်ယူခကတ်တေ။ ဆရာ တော်ပညာသီဟနန့် ဆရာတော်စိန္တာရို့စွာ ရခိုင်ဂေါင်းဆောင်တိကို စည်းရုံးပနာ ဗမာဂေါင်းဆောင်တိဖြစ်တေ သခင်မြ၊ သခင်အောင်ဆန်းရို့နန့် အမျိုးသား လွတ်မြောက်ရေး လုပ်ငန်းတိကို ညှိနှိုင်းဆွေးနွေးခကတ်တေ။
၁၉၄၁ ခု ဒီဇင်ဘာလမှာ ဂျပန်ရို့ ပုလဲဆိပ်ကမ်းကို ဗုံးကြဲရေ၊ ထိုင်းပင်လယ်ကွေ့ကို ဂျပန်တိ ထိုးစစ်ဆင်ပနာ သိမ်းပိုက်လိုက်တေ။ ဂျပန်ရို့ရေ ပစိဖိတ်နန့် အရှိအာယှရီပြင်ကို စိုးမိုးနိုင်ခရေ။ ၁၉၄၂ မတိုင်ခင်မှာပင် ဂျပန်ရို့ ပြင်သစ်၊ အင်ဒိုချိုင်းနား၊ ထိုင်းနန့် စင်္ကာပူရို့ကို သိမ်းထားပါဗျယ်။ ယင်းနှစ်မှာပင် ရန်ကုန်နန့် တစ်ခြားဗမာမြို့တိကို ဂျပန်ရို့သိမ်းယူနိုင်ခရေ။ ၁၉၄၂ ခုမတ်လမှာ စစ်တွေမြို့ ဂျပန်ရို့ လက်ထဲသို့ကျရေ။ ရခိုင်ဗမာ ဂေါင်းဆောင်ရို့ စွာ အစကခါ ဂျပန်ရို့ကို ကြိုဆိုခကတ်တေ။ ဇာဖြစ်လို့ဆိုကေ ဂျပန်ရို့စွာ အာယှတိုက်သားတိ၊ ဗုဒ္ဓဘာသာဝင်တိ၊ ဗမာပြည်လွတ်လပ်ရေးအတွက် အာယှတိုက်သား အချင်းချင်း ကူညီလိမ့်မေ၊ ဗုဒ္ဓဘာသာကို ကိုးကွယ်လိမ့်မေ၊ ယင်းပိုင်ယူဆကတ်တေ။ ယေကလေ့သော့ ဂျပန်ရို့ ယုတ်မာကြမ်းတမ်းမှုတိကို တွိမြင်လာရရေအခါ ဂေါင်းဆောင်ရို့ မျှော်လင့်ချက်တိ ပျက်စီးလားခရ ရေ။
ရခိုင်ပြည်မှာ မူဆလင်ပြဿနာလေ့ ယင်းအချိန်မှာ အထွက်အထိပ်ရောက်ပါလတ်တေ။ ဗြိတိသျှရို့ ဆုတ်လား ခရေခါ ဘူးသီးတောင်နန့် မောင်တောမြို့နယ်ရို့မှာ မူဆလင်တိရေ ဗုဒ္ဓဘာသာဝင် ရခိုင်ရွာတိကို ၀င်လို့ တိုက်ခိုက်ကတ်တေ။ ဗုဒ္ဓဘာသာရဟန်းတိလေ့ အသတ်ခံကတ်ရရေ။ ရခိုင်အမျိုးသား ဂေါင်းဆောင် တိစွာ မူဆလင်ပြဿနာကို အီးအီးချမ်းချမ်းဖြေယှင်းဖို့ ကြိုးစားခက်ပါယင့်။ ယေဒါလေ့ အစွန်း ရောက် မူဆလင်တိလက်ချက်နန့် ငြိမ်း ချမ်းရေးကိုယ်စားလှယ်တိ အသက်ဆုံးယှုံးခရရေ။ ဗမာ့လွတ်လပ်ရေး တပ်မတော်က ငြိမ်းချမ်းရေ ပြန်လည် တည်ဆောက်ဖို့ ကြိုးစားခသိရေ၊ မအောင်မြင်ခပါ။ နောက်ဆုံးမှာ ဦးဝါသ၀စွာ စစ်ရေးကျွမ်းကျင်ရေလူတိကို စုဆောင်းပနာ အစွမ်းရောက်တေ မူဆလင်တိကို နှိုမ်နှင်းခရရေ။
ရခိုင်ရဟန်းသံဃာတိ အစွန်းရောက်တေ မူဆလင်တိကို နှိုမ်နှင်းနီရေအခါ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတိကို ဂျပန်စစ်သားတိက စစ်စခန်း၊ စစ်တန်းလျားပိုင် အသုံးချစော်ကားမှုကို ခံကတ်ရရေ။ ဂူပုထိုး ဇာဒီတိအဖျက်ခံရပ နာ အဖိုးတန်ပစ္စည်းတိလေ့ အခိုးခံရရေ။ အဖိုးတန်ပစ္စည်းတိကိုပြသလို့ သတင်းပီးရေ သစ္စာဖောက်တိလေ့ ၀ီစုရကတ်တေ။ ဦးပညာသီဟနန့် ဦးစိန္တာရို့ပါဝင်ရေ ရခိုင်နန့် ဗမာဂေါင်းဆောင်ရို့ ရခိုင်ပြည်မှာ တိတ်တိတ်ချေ တွိဆုံခကတ်တေ။ သူရို့ဆုံးဖြတ်ချက်ကတော့ခါ ဗြိတိသျှကို ပြန်လည် ဆက်သွယ်ဖို့ပါ။ သခင်သိန်းဖေနန့် ကိုညိုထွန်းရို့ ဗြိတိသျှနန့်ဆက်သွယ်ဖို့ အိန္ဒိယကို လားခကတ်တေ။ ၁၉၄၂ ခုမှာ ဗြိတိသျှရို့ ရခိုင်ပြည်မြောက်ပိုင်း ကို ၀င်သိမ်းကြိုးစားရေ။ မအောင်မြင်ခပါ။ ၁၉၄၂ မှာထပ်လို့ စစ်ဆင်ရေးလုပ်ပါသိယင့်၊ ဒေတစ်ခေါက်လေ့ မအောင်မြင်ခသိပါ။
၁၉၄၇ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နိ့မှာ ဗြိတိသျှနန့် မဟာမိတ်တပ်ရို့ ရခိုင်ပြည်မြောက်ပိုင်း ပလက်ဝဘက်က၀င် ပနာ ကျောက်တော်မြို့ကိုသိမ်းပြီးကေ အပေါက်ဝဘက်သို့ ချီတက်လာရေ။ ၁၉၄၄ ခုမှာ ဗြိတိသျှရို့ ရခိုင်ပြည် တွင်းမှာ စစ်ဆင်ရေးလုပ်ပနာ မယူဒေသနန့်၊ ကုလားတန်မြစ်ဝှန်းက ဂျပန်တိကို မောင်းထုတ်နိုင်ခရေ။ ဒေယှင့်စွာ ဗြိတိသျှရို့အဖို့ မြန်မာပြည်အလည်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် အခွင့်အလမ်းရယှိလားစီခရေ။
ဂျပန်ခေတ်တုန်းက ဗမာတစ်နိုင်ငံလုံး စီးပွါးပျက်ဒဏ်ကို အခြားလူမျိုးတိနန့်စာကေ ရခိုင်သားရို့ ပိုလို့ခံစားခရရေ။ ရခိုင်ပြည်က မြို့တိရွာတိစွာ စစ်ဖီးစစ်ဒဏ်ကြောင့် မီးခဲပြာဖုံး ဖြစ်ခရရေ။ ၁၉၄၆ ခုမှာ ဖဆပလဂေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း ရခိုင်ပြည်သို့ တော်လှန်ရေးကိစ္စနှင့် ရောက်လာရေ။ စစ်တွေမြို့ လူထုစည်းဝေးပွဲ မှာ သူက မြန်မာပြည်မှာ ရခိုင်ရို့ကို နိုင်ငံသားအခွင့်အရေး အပြည့်အဝပီးဖို့ ရခိုင်တစ်ကျပ် ဗမာတစ်ကျပ် တန်းတူခံစားရဖို့လို့ ကတိပေးခရေ။ ယေဇုနန့် ရခိုင်ပြည်အနှံ့မှာ ဖဆပလအဖွဲ့တိဖွဲ့ခကတ် တေ။ ၁၉၄၆ခုနှစ်မှာ ပင် ရခိုင်တစ်ပြည်လုံး ဖဆပလ ကွန်ဖရန့်စ်ကို စစ်တွေမြို့အနီး တောကန်ရွာမှာ ကျင့်ပခရေ။ ကွန်ဖရန့်စ်ကို ရခိုင်ပြည်အနှံ့အပြားက ဖဆပလအသင်းဝင် လေးသောင်းကျော် တက်ရောက် ခရေ။ ကွန်ဖရန့်စ်ကို ဦးစီးကျင်းပရေ ပုဂ္ဂိုလ်က ဆရာတော်ပညာသီဟပါ။ အေကွန်ဖရန့်စ်က ဒီအန်စမစ် အစိုးရဆန့်ကျင်ရေးနန့် နိုင်ငံလွတ် လပ်ရေးကို ကြွေးကြော်တောင်းဆိုခကတ်တေ။
၁၉၄၇ခုမှာ မြေပုံမြို့မှာ ကွန်ဖရန့်စ်ကိုကျင်းပပြန်ရေ။ အေကွန်ဖရန့်စ်ကို ဦးဆောင်းကျင်ပရေ ဂေါင်း ဆောင်ကတော့ခါ ဆရာတော်စိန္တာနန့် ဗုံပေါက်သာကျော်ရို့ပါ။ ယင်းကွန်ဖရန့်စ်ကို ဗိုလ်ချုပ်အောင်ဆန်း ရောက်လာပြီးကေ မြန်မာနိုင်ငံ၏ လက်ယှိနိုင်ငံရေးနန့် အနာဂတ်နိုင်ငံရေးအခြီအနီရို့ကိုတင်ပြခရေ။ ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ထွန်းလာဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းစည်းရုံးနိုင်ခရေ။
၁၉၄၈ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရေခါ ရခိုင်စွာ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ တိုင်း တစ်တိုင်း အဖြစ် ပေါ်ထွန်းလာခရေ။
(အေဆောင်းပါးစွာ Ashin Okkantha ရီးသားရေ History of Buddhism In Arakan – A Thesis Submitted for Ph.D Degree Of The University Of Calcutta, 1990 စာအုပ်ထဲက Buddhism In British Arakan (C.A.D 1826-1984) ကို အကျဉ်းချုပ်လို့ ဘာသာပြန်စွာ ဖြစ်ပါရေ။)
မူရင်း။ ။ ရခိုင်မဂ္ဂဇိန်း ၃၀ ပုလဲရတု၊ စာမျက်နှာ ၃၇၊ ၂၀၀၈ခုနှစ် ဒီဇင်ဘာလ ထုတ်။
ရခိုင်ပြည်နယ်၏မြစ်များ
ရခိုင်ပြည်နယ်၏မြစ်များ
ရခိုင်ပြည်နယ်၌ ထင်ရှားသောမြစ်များမာ နတ်မြစ်၊ မယူမြစ် (မေယုမြစ်)၊ ကုလားတန်မြစ် နှင့် လေးမြို့မြစ်များဖြစ်ကြသည်။ ၄င်းအပြင် ရခိုင်ပြည်နယ်၏တောင်ဖက်၌ ဒလက်ချောင်း၊ အမ်းချောင်း၊ မအီချောင်း၊ ကလိန်တောင်မြစ်၊ တောင်ကုတ်မြစ်၊ သူဌေးချောင်း၊ ဂွချောင်းစသည်များ ဟိကြသည်။
ရခိုင်ပြည်၏ မြောက်ပိုင်းဟိမြစ်များသည် မြောက်ဖက်တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်လျှက်ဟိကြပြီး၊ ရှည်လျားသည်။ ရခိုင်ပြည် တောင်ပိုင်းဟိမြစ်များမှာ အရှိတောင်ဖက်ဟိ တောင်တန်းများမှ မြစ်ဖျားခံ၍ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်ကြသည်။ မြစ်များမှာ ဖြားအတက်အကျဟိသော မြစ်များဖြစ်ပြီး မြစ်ဝပိုင်တွင်ရီငန်၍ မြစ်အညာ (အထက်)တွင် ရီချိုကြသည်။
နတ်မြစ်။ ။နတ်မြစ်သည် မောင်တောမြို့နယ်၌ဟိသည်။ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံရို့အား ပိုင်းခြားထားရေ နယ်စပ်မြစ်ဖြစ်သည်။ မြောက်ဖက် နယ်စပ်တောင်ကုန်းများမှ စီးဆင်းလာပြီး တောင်ဖက်တွင် မောင်တောမြို့အနီး၌ ဘင်္ဂလားပင်လယ်အော်သို့စီးဝင်သည်။ မိုင် (၅၀)ခန့်ရှည်လျားပြီး မြစ်အဝပိုင်းတွင် (၁) မိုင်ခွဲခန့်ကျယ်ပြန့်သည်။ နယ်စက်ကုန်သွယ်သင်္ဘောနှင့် ဘုတ်တိဝင်ထွက်ရာ မြစ်ဖြစ်သည်။
နတ်မြစ်အတွင်းသို့ ပြူးမချောင်း၊ ငါးခူရချောင်း၊ ကညင်ချောင်းနှင့် မောင်တောချောင်းရို့ စီဝင်လျက်ဟိကြသည်။ မင်္ဂလာကြီးတောင်တန်းမှထွက်ဟိသော ဝါး၊ ကြိမ်နှင့် သစ်များကို ပြူးမချောင်းမှတစ်ဆင့် မျှော၍ထုတ်ယူနိုင်ကြသည်။ နွီရာသီမြစ်အညာ (အထက်)အထိ ရီငန်တက်ပြီး မိုးရာသီတွင် ရီချိုသည်။ မြစ်ကမ်းများတွင် ရီငန်ပဇွန်မွီးမြူးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။
မယူမြစ်။ ။ဤမြစ်ကို အဂုအခါ မေယုမြစ်ဟုလည်းခေါ်ကြသည်။ ဘူးသီးတောင်မြို့အနီးမှ စီးဆင်းလာသော ကုလားပန်းဇင်းချောင်းနှင့် စိုင်းဒင်ချောင်းရို့ပေါင်းဆုံ၍ စစ်တွေမြို့အနီးက၌ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ (၈၅) မိုင်ခန့်ရှည်လျားပြီး ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ်များကို ဖြတ်၍ စီးဆင်းသည်။ မြစ်ဝပိုင်းတွင် ရီငန်၍ မြစ်အညာ (အထက်)တွင် ရီချိုသည်။ မြစ်အညာ (အထက်)ပိုင်းတွင် ကျယ်ပြန့်သောလွင်ပြင်များဟိ၍ ဆန်စပါးစိုက်ပျိုးကြသည်။ မြစ်ဝပိုင်းနီရာများတွင် ရီငန်ပဇွန်မွီးမြူးရေးကို လုပ်ကိုင်ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ သြရမတောင်တန်းမှ မြစ်ဖျားခံ၍ စီးဆင်းလာသော တောဖျားချောင်းသည် မိုးစီမြစ်နှင့်ပေါင်းဆုံပြီး ကြွီတဲမြစ်အမည်ဖြင့် စီးဆင်းကာ စစ်တွေမြို့အနီး၌ မေယုဖြစ်သို့ အရှိဖက်မှစီဝင်သည်။
ကုလားတန်မြစ်။ ။ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်သည်။ ဤမြစ်သည် ပေ(၈၀၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာသည်။ ဘွိုင်နု(ဘွေနု)၊ တီမိ၊ ထရောဘာ (တီအိုရီဗာ) စရေမြစ်များ ပေါင်းဆုံစီးဆင်းခခြင်းဖြစ်သည်။
ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့်စီးဆင်းလာခသော ဤမြစ်မှာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံရို့၏ နယ်ခြားမြစ်လည်းဖြစ်သည်။ ဤမြစ်သည် ချင်းပြည်နယ်ကိုဖြတ်၍ တောင်ဖက်သို့စီးဆင်းလာရာ ချင်းပြည်နယ်ဖလန်းမြို့ အနောက်ဖက်ယွန်းယွန်းအရောက်တွင် တီအိုရီဗာမှ ဘွေနုအမည်ဖြင့် အိန္ဒိယနိုင်ငံသို့စီးဝင်ခသည်။ အိန္ဒိယနိုင်နယ်စပ်မှ ဘင်္ဂလားပင်အော်အရောက် မိုင်ပေါင်း (၁၄၀၀)ခန့်ကျယ်ပြန့်ရေ မြီနုလွင်ပြင်များဟိသည်။ မြစ်၏အထွက်ပိုင်း၊ အလယ်ပိုင်းနှင့် အောက်ပိုင်းရို့တွင် စပါး၊ မြီပဲ၊ ဆီးရွက်ကြီး၊ ငရုတ်၊ နီကြာစစွာတိကို စိုက်ပျိုးကြသည်။
ကုလားတန်မြစ်အတွင်းသို့ ကလက်ချောင်း၊ မီးချောင်း၊ မီချောင်း၊ ယိုးချောင်း၊ သရီချောင်း၊ ဟင်းခရောမြစ်၊ ကျွဲကူးမြစ်ရို့စီးဝင်လျှက်ဟိကြသည်။ စစ်တွေမြို့အနီး၌ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။
ကလက်ချောင်း။ ။ ကလက်ချောင်းသည် ပလက်ဝအထက်ပိုင်းတွင်ဟိ၍ အိန္ဒိယ၊ ဘင်္ဂလားဒေ့ခ်ျနိုင်ငံရို့နှင့် နယ်ခြားချောင်းဖြစ်ပြီး ကုလားတန်မြစ်သို့ စီးဝင်လျှက်ဟိသည်။
ပီချောင်း။ ။ ပီချောင်းမှာ ကျောက်တော်မြို့အထက်နားတွင် ကုလားတန်မြစ်သို့ စီးဝင်လျက်ဟိသည်။ ရီချိုအရပ်များဖြစ်၍ မြီသြဇာကောင်းမွန်သော မြီနုလွင်ပြင်များဟိသည်။
သရီချောင်း။ ။ သရီချောင်းသည် ကျောက်တော်မြို့နယ် အရှိဖက်တောင်တန်းများမှ မြစ်ဖျားခံစီးဆင်းလာပြီး မြစ်အောက်ပိုင်းတနီရာတွင် မြောက်ဦးမြို့နယ် တောင်ကုန်းများမှ မြစ်ဖျားခံစီးဆင်းလာသော ရမ်းချောင်းနှင့် ပေါင်းဆုံကာ၊ သဲတက်ကျေးရွာအနီး ကုလားတန်မြစ်အတွင်းသို့ အရှိဖက်ခြမ်းမှ စီးဝင်သည်။
ဤသရီချောင်းလွင်ပြင်မှာ မြီသြဇာထက်သန်ကောင်းမွန်၍ စပါး၊ ငရုတ်၊ မုံညင်း၊ နီကြာ၊ မြီပဲများစိုက်ပျိုးကြသည်။ သရီချောင်းဖျားတွင် ထင်းရှားသော မဟာမြတ်မုနိဟိသည်။
ယိုးချောင်း။ ။ ယိုးချောင်းသည် သရက်ချိုကျေးရွားအနီးတွင် ကုလားတန်မြစ်သို့ အနောက်ဖက်မှ စီးဝင်သည်။ မြစ်ဝမှ မိုင်(၇၀)ခန့်ရှည်လျားသည်။ မြစ်ဝတွင်ရီငန်၍ မြစ်ညာ (မြစ်အထက်ပိုင်း)တွင် ရီချိုသည်။ ယိုးချောင်းဖျားတွင် တန်းတင်ဟုခေါ်သော ရီတံခွန်ချေတခုဟိသည်။ ရီအားလျှပ်စစ်ထုတ်ယူရန် မဏာမလေ့လာမှုများ ပြုလုပ်လျှက်ဟိသည်။
ဟင်းခရော်မြစ်။ ။ ပုဏ္ဏားကျွန်းမြို့၏ အရှိဖက်မှ ကုလားတန်မြစ်သို့ စီးဝင်သည်။ မြောက်ဦးမြို့သို့ လားရောက်နိုင်သောဖြစ်ကြောင်းဖြစ်သည်။ ရှိရခိုင် ဘုရင်များလက်ထက်က စက်လှီ၊ ကုတင်လှီ နန့် သင်္ဘောတိ ဝင်ထွက်ရာ အဓိကကျသော မြစ်ကြောင်းလည်းဖြစ်သည်။
ကျွဲကူးမြစ်။ ။ စစ်တွေမြို့၏ အရှိဖက်မှ ကုလားတန်ဖြစ်သို့ စီးဝင်သည်။ မြစ်ဝတွင် ဖရုံဂါကျွန်း (၃) ကျွန်းကို ဖြစ်ပေါ်စီပြီး ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ စစ်တွေမှ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ကျောက်ဖြူမြို့များသို့ ဆက်သွယ်လားလာနိုင်သော ကုန်းတွင်းပိုင်း ရီကြောင်းလမ်းလည်းဖြစ်သည်။
လေးမြို့မြစ်။ ။ ဤမြစ်သည် (၁၄၄) မိုင် ရှည်လျားပြီး (၅၅၅၀)ပေ မြင့်သော ချင်းတောင်တန်းမှ မြစ်ဖျားခံ၍ တောင်ဖက်သို့ စီးဆင်းလာသည်။ မြစ်အထက်ပိုင်းမှ မင်းပြားမြို့အထိ လေးမြို့မြစ်ဟု အမည်တွင်ပြီး မင်းပြားမြို့အနီးအတွင် ရာမောင်မြစ်အမည်ဖြင့် တောင်ဖက်သို့စီးဆင်းကာ မြေပုံအနီးတွင် မင်းကြောင်းအမည်ဖြင့် ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။
မြစ်ညာအရပ်(မြစ်အထက်ဖက်) သည်ရီချို၍ လိမ္မော်၊ ရှောက်ချို၊ ကျွဲကော၊ သံပရာ၊ ဥယျာဉ်စိုက်ခင်းများ၊ ကွမ်းသီးချင်းများကို စိုက်ပျိုးလျက်ဟိကြသည်။
ဒလက်ချောင်း။ ။ရခိုင်ရိုးမ၏ (၄၇၉၃) ပေမြင့်သော တောင်ကုန်းမှ မြစ်ဖျားခံစီဆင်းကာ မြစ်အောက်ပိုင်းတွင် မြစ်မွှာများစွာခွဲ၍ ကောင်တာမီယာပင်လယ်သို့ စီးဝင်သည်။ မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်ကိုဖြတ်၍ စီးဆင်းသည်။ ဒလက်ရေဝေမှ ကြိမ်နှင့် ဝါးများ ထုတ်ယူရာ အဓိကရီလမ်းဖြစ်သည်။
အမ်းချောင်း။ ။ အမ်းချောင်းသည် ရိုးမတောင်မှ မြစ်ဖျားခံ၍ မြောက်ဖက်သို့စီးဆင်းသည်။ မြစ်ဝတွင် မြစ်ဖျားများစွာဖြင့် နောင်တော်ပင်လယ် (ကောင်တာမီယာပင်လယ်) သို့စီးဝင်သည်။ အမ်းမြို့သို့လားရာ ရီလမ်းကြောင်းဖြစ်ပြီး မိုင် (၅၀) ခန့်ရှည်လျားသည်။
ကလန်တောင်မြစ်။ ။ကလန်တောင်မြစ်သည် ရိုးမတောင်မှ မြစ်ဖျားခံကာ ရမ်းဗြဲ့ကျွန်းနှင့် ရိုးမတောင်ခြီအကြား မြောက်မှတောင်သို့ စီးဝင်သည်။ အလျားမိုင် (၃၀) ခန့်ဟိပြီး မြစ်ဝမှာ (၁၅) မိုင်ခန့်ကျယ်သည်။ မြစ်ဝတွင် စကုကျွန်းဟိပြီး၊ မာန်အောင်ရီလက်ကြားသို့ စီးဝင်သည်။ တောင်ကုန်မြစ်သို့လားလျှင် ဤမြစ်ကိုဖြတ်၍လားရသည်။
မအီချောင်း၊ တန်းလွဲ(တန်းရွဲ)ချောင်း၊ လမူးချောင်းရို့သည် အရှိဖက်မှ ကလန်တောင်မြစ်သို့ စီးဝင်လျှက်ဟိသည်။
ကျောက်ဖြူမြစ်၊ မဒဲမြစ်၊ ပဒေါင်းကွေ့ (ပဒေါင်းကွဲ)မြစ်နှင့် သံဇိတ်မြစ်။ ။ မြစ်ဟုဆိုသော်လည်း ရမ်းဗြဲ့ကျွန်းနှင့် မရဇိုင်းကျွန်း (မြို့ချောင်း) အကြားတွင်ဟိသော ရီလက်ကြားဖြစ်သည်။ ကျောက်ဖြူမြစ်မှာ ကျောက်ဖြူမြို့အနီးမှ ဘင်္ဂလားပင်လယ်အော်သို့ စီးဝင်သည်။ မြစ်ဝပိုင်းမှ ရီလက်ကြားအတွင်းသို့ မိုင်(၂၀)ခန့် ရှည်လျားပြီး အလွန်နက်သော ရီကြောင်းဟိကာ အနက်ပေ(၅၀)မှ (၁၂၀)ထိဟိသော ရီလက်ကြားဖြစ်သည်။ ဤမြစ်မှ အရှိဖက်သို့ဆက်၍ မဒဲမြစ်၊ ပဒေါင်းကွေ့(ပဒေါင်းကွဲ) မြစ်နှင့် သံဇိတ်မြစ်များအမည်ဖြင့် ကလိမ်တောင်မြစ်သို့ စီးဝင်သည်။ ကျောက်ဖြူမှ တောင်ကုတ်သို့လားရာ ရီလမ်းကြောင်းလည်းဖြစ်သည်။
သတဲချောင်း။ ။ သူဌေးချောင်းဟုလည်းခေါ်သည်။ ရခိုင်ရိုးမဟိ ပန်းတောင်းငယ်တောင်မှ မြစ်ဖျားခံစီးဆင်းကာ အရှည်မိုင် (၆၀) ခန့်ဟိသည်။ မြစ်ဝပိုင်းထိသာ လောင်း၊ လှီ၊ မော်တော်၊ ဘုတ်တိ လားလာနိုင်ပြီး အထက်ပိုင်းတွင် သူဌေးချောင်းရီအားလျှပ်စစ် စီမံကိန်းကို ဆောင်ရွက်လျက်ဟိသည်။
ရခိုင်ပြည်နယ်တောင်ပိုင်းဟိ မြစ်များမှာ အလျားမိုင်(၂၀)မှ (၅၀)ထိသာ ရှည်လျားပြီး မြစ်ဝပိုင်းဒေသတိတွင်သာ မော်တော်ဘုတ်ချေတိ၊ လှီသမ္ဗာန်ချေများဖြင့် လားလာနိုင်ကြသည်။ ရခိုင်ပြည်နယ် တောင်ပိုင်းတွင် သံတွဲမြစ်၊ စကုချောင်း၊ ကျိန္တလီချောင်း၊ ဆတ်သွားချောင်း၊ ရွာချောင်း၊ သစ်တောက်ချောင်းရို့ ဟိကြသော်လည်း များစွာအသုံးဝင်ခြင်းမဟိပေ။
---------------------
ဝန်ခံချက်။ ။ မောင်ကောက်စံ (ပြည်ရခိုင်) ရွီးရေ “ယနေ့ ရခိုင်ပြည်နယ် (လူမှုစီးပွားပထဝင်)” ပထမအကြိမ်၊ ၂၀၀၈ ခုနှစ်၊ စာအုပ်မှထုတ်နှုတ်ဖော်ပြလိုက်ပါရေ။
မောင်ကောက်စံ (ပြည်ရခိုင်) ၏ ကလောင်ခွဲတိမှာ “ကျွန်းသားငမန်း၊ ကိုကြီးမန်း” ရို့ဖြစ်ပါရေ
ငါကရခိုင်
ငါကရခိုင်
------
မနှင်းဇီ
နင်ကမြန်မာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း
မဆုံကောင်းပါ
ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
ဤကဗျာမှာ မနှင်းဇီအား ကိုသာကျော် နောက်ဆုံးပီးခသော ကဗျာဖြစ်သည်။ ဤကဗျာကို ပီးပြီးနောက် ကိုသာကျော်သည် သူချစ်သော မနှင်းဇီအားကြောခိုင်းပြီး ရန်ကုန်မှ သူ့မွီးရပ်မြီ ရခိုင်ပြည်သို့ အပြီးအပိုင်ထွက်ခွာလာခသည်။ ဘ၀နှင့်ပုံ၍ ချစ်ခရစွာဖြစ်လို့ ကိုသာကျော် မနှင်းဇီနှင့်ခွဲရစဉ်မှာ ရင်ဆို့အောင်ခံစားရသည်။
အပိုင်း (၁)
ရန်ကုန်တက္ကသိုလ် နောက်ဆုံးနှစ် မြန်မာစာကျောင်းသားတဦးဖြစ်သော ရခိုင်သားကိုသာကျော်သည် သူနှင့်အတန်းတူ အချိန်တူ မြန်မာမချေ “မနှင်းဇီ” နှင့် ချစ်ရည်မျှခသည်။ သူရို့ချစ်ကျွမ်းဝင်ပုံကလည်း ဆန်းဆန်းချေဖြစ်သည်။ တယောက်နှင့်တယောက် နတ်ယင်းသွမ်းယင်း ရည်းစားဖြစ်လားခကတ်သည်။ မနှင်းဇီရို့ကျောင်းသူအုပ်စုက အတန်းထဲတွင် ကိုသာကျော်အပါအ၀င် ရခိုင်ကျောင်းသားများကို နာမည်ထုတ်မခေါ်ဘဲ “ခုနစ်ခိုင်” ဟုခေါ်သည်။ ရခိုင်မှ “ရကောက်” ကို “ခုနစ်ဂဏန်း” ဖြင့်အစားထိုးပြီး နတ်သည့်သွမ်းသည့်သဘော “ခုနစ်ခိုင်” ဟု ခေါ်ခြင်းဖြစ်သည်။
မနှင်းဇီသည် သူရို့အုပ်စုထဲတွင် အလှဆုံး၊ အသားမဖြူမညို နှာတံပေါ်လွင်ပြီး ရယ်လိုက်လျှင် ပါးချိုင့်ပေါ်သည်။ သူ့ပိုင် အချောအလှမချေက “ကိုသာကျော်” လို့ ခေါ်ဖို့အစား “ကိုခုနစ်ခိုင်” လို့ ခေါ်နီခါ ကိုသာကျော်က အောင့်သက်သက် ခံနီရသည်။ ထို့ကြောင့် ကိုသာကျော်လည်း “ခုနစ်ခိုင်” လို့ခေါ်စွာတုန့်ပြန်ဖို့ စကားလုံးလိုက်ရှာရပါတော့သည်။ ထိုအခါ စကားတလုံးကို ကိုသာကျော်လားတွေးမိသည်။
ထိုနိမှစ၍ မနှင်းဇီက “ကိုခုနစ်ခိုင်” လို့ခေါ်တိုင်း ကိုသာကျော်ငြိမ်ခံမနီ။ “ဟေ့ ကိုခုနစ်ခိုင် နီကောင်းလား” ဟု မနှင်းဇီးကမီးလာလျှင် ကိုသာကျော်က “မနှင်းဇီ” ကျွန်တော့်နာမည်က “ကိုခုနစ်ခိုင်” မဟုတ်ပါ။ ကိုချစ်ခိုင်ပါ။ ချစ်ကေခိုင်လွန်းလို့ “ကိုချစ်ခိုင်” လို့ခေါ်စွာပါ။ “ခုနစ်ခိုင်” လို့ မခေါ်ပါကဲ့။ “ကိုချစ်ခိုင်” လို့ နာမည်ပြောင်းခေါ်ပီးလို့ရပါဖို့လားစသဖြင့် ပြန်လှန်ရပါသည်။ ထိုအခါ မနှင်းးဇီမှာ မျက်လွှာချပြီး ဂေါင်းငုံ့လားတတ်သည်။ ထိုသို့ တဦးနှင့်တဦး နတ်ယင်းသွမ်းယင်းနှင့် ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ဦး နောက်ပိုင်းတွင် သမီးရည်းစားဖြစ်လားသည်။
အပိုင်း (၂)
ရည်းစားဘ၀ဖြစ်လားသောအခါ သူရို့နှစ်ဦး မိုးမမြင်လီမမြင် ပျော်သည်။ ကျောင်းပြီးလျှင် မနှင်းဇီကို လက်ထပ်ယူရန် ကိုသာကျော်က ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ကိုသာကျော်က ကျောက်ဖြူမှ အမိအဖထံသို့ အကြောင်းကြားသည်။ မိခင်ဖြစ်သူ မိဒေါ်ညွန့် ရန်ကုန်ထိလိုက်လာပြီး မနှင်းဇီနှင့်တွိသည်။ စကားပြောသည်။ ချွေးမလောင်းကို အကဲခတ်သည်။ နောက်ပိုင်းတွင် စမ်းချောင်းသျှမ်းလမ်းမှ မနှင်းဇီရို့အိမ်ထိ လိုက်လည်သည်။ မနှင်းဇီမိဘများနှင့်လည်း တွိဆုံသည်။ အားလုံးအိုကေ အဆင်ပြေသည်။ ကိုသာကျော်ရို့ မိသားစုသည်လည်း ကျောက်ဖြူတွင် ထိပ်ထိပ်ကြဲဖြစ်သည်။ အသောက်အစားကင်းပြီး လူတဘက်သားကိုကူညီတတ်သော မိသားစုဖြစ်သဖြင့် လူချစ်လူခင်များသည်။
၎င်းအပြင် လူမျိုးရေးအစွဲကင်းသည်။ (ရခိုင်-မြန်မာ) ခွဲခြားမှုမဟိ။ အားလုံးမိသားစုတခုကဲ့သို့ သဘောထားသည်။ ကိုသာကျော်သည် ရခိုင်သားဖြစ်သော်လည်း ကျဉ်းမြောင်းသော အမျိုးသားအတွေးအခေါ်အယူအဆမဟိ။ သို့ဖြင့် မနှင်းဇီကို ရာသက်ပန်အိမ်ထောင်ဖက်အဖြစ် ကိုသာကျော် ရွီးချယ်လိုက်သည်။ ကိုသာကျော်နှင့် မနှင်းဇီအကြား မည်သည့်အဟန့်အတားမှမဟိ။ ချစ်သူများလျှောက်သောလမ်းသည်ကား ခရောင်လမ်းမဟုတ်၊ ပန်းခင်းသောလမ်းအတိဖြစ်သည်။
အပိုင်း (၃)
ထိုတနိ။ ထိုတနိကို ကြမ္မာငင်သောနိဟု ဆိုရဖို့လားမသိ။ ထိုနိတွင် ကိုသာကျော်နှင့် မနှင်းဇီရို့ လမ်းခွဲခရပါသည်။ ကိုသာကျော်နှင့်မနှင်းဇီရို့နှစ်ဦး ရွှေတိဂုံမြောက်ဘက်မုခ်မှ ဘုရားပေါ်သို့တက်လာလတ်သည်။ လမ်းဘေးပန်းသည်တဦးက ပန်းတိလန်းလန်းဆတ်ဆတ် ယူပါအုံးပြောလို့ ပန်းစည်း တယောက်တစည်းယူပြီး ဘုရားပေါ်တက်လာသည်။ မနှင်းဇီက င်္အဂါသမီးဖြစ်၍ င်္အဂါထောင့်တွင်ပန်းတင်ပြီး ရွှေတိဂုံစေတီကို လက်ညာရစ်ပတ်ယင်း အနောက်ဘက်စေတီရင်ပြင်တော်အနီး အနောက်ပြည်ရခိုင်ကုန်သည်ကြီးများတန်းဆောင်တွင် နှစ်ယောက်သားထိုင်သည်။
နီမညှိုးသိမ့်သဖြင့် ဘုရားပေါ်တွင် လူကြဲနီသည်။ အချေနှစ်ယောက်က မိခင်ဖြစ်သူနှင့်အတူ တန်းဆောင်အရိပ်ခိုပြီး ခွာစာကျွေးနီသည်။ ခွာချေတိကလည်း အချေလက်ထက်တက်ပြီး အစာစားလိုက် ပျံလိုက်နားလိုက် မြင်ရသောမြင်ကွင်းသည် ချစ်ဖို့အလွန်ကောင်းသည်။ ကိုသာကျော်နှင့် မနှင်းဇီရို့နှစ်ယောက်စလုံး အချေတိ ခွာစာကျွေးနီရာသို့ မျက်စိရောက်လားသည်။ မနှင်းဇီက ကိုသာကျော်ကို စပြောသည်။ “ကိုကို အချေတိ ကကောင်းချစ်ဖို့ကောင်းရေ” ကိုသာကျော်ကလည်း သဘောတူ ဂေါင်းညှိတ်ယင်း “ဟုတ်တေ မနှင်းဇီ အချေတိ ကကောင်းချစ်ဖို့ကောင်းရေနှန်း” ဟုဆိုသည်။
ထိုမှတဆင့် သားသမီးမွီးလာပါက ယောက်ျားချေနှင့် မမချေ “ပဇာကို ပိုကြိုက်တေလဲ” ဟု မနှင်းဇီက မီးသည်။ ကိုသာကျော်က ယောက်ျားချေဘဲမွီးမွီး သမီးချေဘဲမွီးမွီး သားသမီးဖြစ်သဖြင့် ချစ်ရမည်ဖြစ်ကြောင်းပြောသည်။ ထိုမှတဆင့် သားသမီးများမွီးလာပါက။ သားသမီးများ၏နာမည်ကိစ္စသို့ ရောက်လာသည်။ ထိုအခါ ကိုသာကျော်က “ကိုယ့်သားတိကို ရခိုင်နာမည်စစ်စစ် “သာထွန်းဦး“ ၊ “ကျော်လှဦး” စသည်ဖြင့် နာမည်ထားချင်ကြောင်းပြောသည်။ မနှင်းဇီမျက်နှာ ကိုသာကျော်စကားကြောင့် အနည်းငယ်ပျက်လားသည်။ “ဇာဖြစ်စွာလဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “အေနာမည်တိ မဖြစ်နိုင်ထင်ရေ ကိုကို” ဟုဆိုသည်။
ကိုသာကျော်က “ဇာဖြစ်လို့လဲ မနှင်းဇီ” ဟု မီးသောအခါ မနှင်းဇီက “စိတ်မဟိပါကဲ့ ကိုကို မနှင်းဇီက သားချေတိနာမည်ကို မြန်မာနာမည်ဖြစ်တေ “ကျော်စွာမြင့်” ၊ “ဇော်လွင်မြင့်” ယင်းပိုင် နာမည်တိရာထားချင်စွာပါ။ ဇာဖြစ်လို့လဲဆို ကိုကို့သားတိနာမည်ကို ရခိုင်ပိုင်ထားကေ ကိုကိုသားတိ ဇာခါလည်း ရာထူးကြီး၊ အစိုးရထိပ်ပိုင်းရာထူးတိကို ရလီဖို့မဟုတ်ယာ။ မနှင်းဇီက သားချေတိကို စစ်ဗိုလ်ချုပ်ကြီးတိ၊ နိုင်ငံတော်အကြီးအကဲတိ ဖြစ်ချင်စွာ။ နာမည်တခုကြောင့် မနှင်းဇီသားချေတိ အနာဂါတ်တက်လမ်း ပိတ်မလားစီချင်ပါ ကိုကို”။ ကိုသာကျော်၏နှလုံးသား ဆားနှင့်အတို့ခံရပိုင် ခံစားလားရသည်။
ဖနောင့်ကသွီး ငယ်ထိပ်တက်လားသည်။ “ဟုတ်လား မနှင်းဇီ၊ အေတိုင်းပြည်မှာ ရခိုင်နာမည်ထားစွာနှင့် အစိုးရထိပ်ပိုင်းရာထူးကို မရနိုင်ပျာလား။ စစ်ဗိုလ်ချုပ်ကြီးတိ မဖြစ်နိုင်ပျာလား။ နိုင်ငံတော်အကြီးအကဲ မဖြစ်နိုင်ပျာလား” ကိုသာကျော်က ရင်ဆို့ဆို့ပြောသည်။ မနှင်းဇီသည် အ၀ီးတနီရာသို့ကြည့်ယင်း ပြောလာသည်။ “ဟုတ်တေ ကိုကို ။ အေချင့် အမှန်ပါ။ မနှင်းဇီ ကိုကို့ကို စမချစ်ခင်ကပင် အေကိစ္စကို အယင်စိုင်းစားပြီးသားပါ။ အထူးသဖြင့် သားသမီးတိ အနာဂါတ်ခရီး။ ရခိုင်သားတယောက်နှင့်ရရေ မနှင်းဇီသားသမီးတိ အေတိုင်းပြည်မှာ ဇာပိုင်လူရာဝင်လဲဆိုစွာကိုပါ”။ ကိုသာကျော် နားလည်လိုက်ပါပျာ။
မနှင်းဇီ၏စကားလုံးများသည် ကိုသာကျော်၏နှလုံးသားကို မျှားချွန်းချွန်းနှင့် တချက်ချင်းထိုးနီရေပိုင် ခံစားမိသည်။ ကိုသာကျော် ဇာလည်းဆက်ပြောချင်ပျာ။ ထိုနိက မနှင်းဇီကို သူ့အိမ်သျှမ်းလမ်းထိ ကိုသာကျော်လိုက်ပို့သည်။ သို့သော် စကားတခွန်းမပြောဖြစ်။ ချစ်သူနှစ်ဦး၏အိမ်အပြန်လမ်းရီးသည် ဆိတ်ငြိမ်လွန်းလှ၏။ မနှင်းဇီရို့အိမ်သို့ရောက်သော်လည်း စကားတခွန်းမျှမပြောမဆိုဘဲ လှည်းတန်းအခန်းသို့ ကိုသာကျော် လှည့်ပြန်လာလတ်သည်။ လာလမ်းတလျှောက် ကိုသာကျော်၏အတွေးအာရုံကို မနှင်းဇီ၏စကားလုံးများက ကြီးစိုးထားသည်။ နှလုံးသားဖြင့်ရင်း၍ချစ်ရပါသော်လည်း ဘ၀ကား မနှင်းဇီကို လက်ထပ်ရန်မဖြစ်နိုင်တော့။ ကိုသာကျော် နားလည်သဘောပေါက်လိုက်သည်။
(နိဂုံး)
မိုးလင်းသောအခါ ကိုသာကျော် မနှင်းဇီရို့အိမ်သို့လားပါသည်။ မနှင်းဇီက အိမ်တန်းခါးဖွင့်ပီးသည်။ ကိုသာကျော်အိမ်ထဲဝင်ရန် စိတ်မဟိတော့ပါ။ အသင့်ရွီးယူလာသောကဗျာနှင့် မနှင်းဇီ အမှတ်တရပီးထားခသောပစ္စည်းများကို မနှင်းဇီလက်ထဲ ပီးအပ်ယင်း ကိုသာကျော် မနှင်းဇီကို ကြောခိုင်းလိုက်ပါသည်။
မနှင်းဇီ
နင်ကမြန်မာ
ငါကရခိုင်
မျဉ်းပြိုင်နှစ်ကြောင်း
မဆုံကောင်းပါ
ခွင့်လွှတ်လိုက်ပါ မနှင်းဇီ --။
(ကွန်ချုပ်ကေ)
Subscribe to:
Posts (Atom)